Sunday, August 15, 2010

Help ၏ အသုံးများသော Usage တစ်ချို. နှင့် Patterns များ

ဒီအပတ်မှာ တော့ နေ့စဉ်သုံး စကားပြောမှာ ရော၊ အရေးမှာ ပါ အကျိုးရှိစေမယ့် Help ၏ အသုံးပြုပုံ အချို.ကို ဆွေးနွေးချင်ပါတယ်။ I can’t help doing something. ဆိုတဲ့ ဝါကျ ကို လေ့လာကြည့်တဲ့အခါ တိုက်ရိုက် ဘာသာပြန် ကြည့်မယ်ဆိုရင် အဆင်မပြေပါဘူး။ တစ်စုံတစ်ခုလုပ်ခြင်းမှာ ငါမကူညီနိုင်ဘူးလို. ပြန်စရာဖြစ်တတ်ပါတယ်။ အကြောင်းကတော့ can’t help သည် Idiom ဖြစ်နေတာကြောင့်ပါ။ Idiom ၏ သဘောသည် စကားစုများကို တိုက်ရိုက် အဓိပ္ပါယ်ပြန်မရခြင်း ကို ဆိုလိုပါသည်။ Help သည် Verb အနေနှင့် ကူညီသည်။ ပာု အဓိပ္ပါယ် အပြင် Idiom အနေနှင့် အသုံးပြုသည့် အခါ တတ်နိုင်သည်။ ပာုပါ တွဲမှတ်ထားလျှင် စာဖတ်သူများ လေ့လာရလွယ်ကူပါလိမ့်မည်။

I can’t help doing something သည် I can’t stop myself from doing something ကိုဆိုလိုတယ်။ ဆိုလိုတာ က တစ်ခုခု လုပ်ခြင်းမှ ကိုယ့်ကိုကိုယ်မရပ်နိုင်(တစ်စုံတစ်ခုကို မလုပ်ဘဲမနေနိုင်ဘူး) လို.ဆိုလိုတာပါ။ ဥပမာ အနေနဲ.ကြည့်မယ်ဆိုရင်

I tried to be serious but I couldn’t help laughing.
ငါ အလေးအနက်ထားဖို. ကြိုးစားခဲ့တယ် ဒါပေမယ့် ငါ မရယ်ဘဲမနေနိုင်ခဲ့ဘူး။

Gerund (-ing) လိုက်တဲ့အခါ မလုပ်ဘဲမနေနိုင် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ လက်တွေ. အသုံးချတတ်အောင် ဥပမာ ဝါကျများကို ထပ်မံလေ့လာကြည့်ပါ။

1. သူ သူမကို မချစ်ဘဲ မနေနိုင်ဘူး။
He can’t help falling in love with her.

2. ငါ ဒီသတင်းကို သူ.ကို မပြောဘဲ မနေနိုင်ဘူး။
I can’t help telling him this news.

3. My mother is a good cook. I can’t help eating everything she serves.
ကျွန်တော်၏ အမေ ပာာ အချက်အပြုတ်ကောင်းသူတစ်ယောက်ပါ။ သူမချက်ပြုတ်သည့် ပာင်းတိုင်းကို ကျွန်တော် မစားပဲ မနေနိုင်ပါဘူး။

4. Since Marry loves to shop, she can’t help spending money.
မယ်ရီ သည် ဈေးဝယ်ထွက်ရတာကို နှစ်သက်တာကြောင့် သူမသည် ပိုက်ဆံကို မဖြုန်းပဲ မနေနိုင်ပါ။

ဒီလောက်ဆိုရင် စာဖတ်သူများ သဘောပေါက်နားလည်ပါလိမ်.မယ်။ တစ်ခုခုကို မလုပ်ဘဲ မနေနိုင်(မတတ်နိုင်) လို. အဓိပ္ပါယ်နေနဲ. ပြောချင်တဲ့အခါမှာ can’t +help+ Gerund(-Ving) ပုံစံကို သုံးတယ်ဆိုတာ ကျက်မှတ်ထားစေချင်ပါတယ်။

Can’t+help+Gerund (-Ving) ပုံစံသည် Can’t+help+ but +Infinitive ပုံစံနှင့် အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။

e.g. 1. Bob is a tennis fan and can’t help but travel to Wimbledon each year.
ဘော့ သည် တင်းနစ် ဝါသနာအိုးဖြစ်သည်။ နှစ်တိုင်း Wimbledon သို. မသွားပဲမနေနိုင်ပါ။ (ပြိုင်ပွဲကြည့်ရန်)

2. Since Bob is a tennis fan, he can’t help travelling to Wimbledon each year.
ဘော့ သည် တင်းနစ် ဝါသနာအိုးဖြစ်သောကြောင့် နှစ်တိုင်း Wimbledon သို. မသွားဘဲ မနေနိုင်ပါ။

Help ၏ အနောက်တွင် Infinitive သည် to ပါသည် ဖြစ်စေ ၊ မပါသည် ဖြစ်စေ လိုက်နိုင်ပါသည်။ အောက်ပါဝါကျကိုလေ့လာကြည့်ပါ။

e.g. 1. I will help you (to) do it.
ငါမင်းကို အဲဒါကိုလုပ်ဖို. ကူညီမယ်။

2. Everybody helped her (to) clean up.
လူတိုင်း က သူမကို သန်.ရှင်းရေးလုပ်ဖို. ကူညီခဲ့ကြသည်။

3. Everybody helped (to) clean up.
လူတိုင်း က သန်.ရှင်းရေးလုပ်ဖို.ကူညီခဲ့ကြသည်။

ယခုဆွေးနွေးထားတဲ့ Help နှင့် ပတ်သက်သည့် Pattern သုံးမျိုးကို
1. can’t+help+(-ing)
2. can’t help but + infinitive
3. help+(obj)+(to)+infinitive
သေချာလေ့လာထားစေချင်ပါသည်။ ကြိယာ တစ်လုံး၏ အနောက်တွင် နောက် ကြိယာတစ်လုံး က ထပ်လိုက်ချင်သောအခါ Gerund ပုံစံ (သို.) infinitive ပုံစံတစ်ခုခု နှင့် လိုက်ရပါသည်။ English ဘာသာစကားတွင် ဥပဒေသများရှိပါသည်။ Gerund သာလိုက်ရသော ကြိယာ အချို.ရှိသလို Infinitive သာလိုက်ရသောကြိယာများလည်း ရှိပါသည်။ အချို.ကြိယာများ မှာ ပုံစံနှစ်မျိုးလုံးလိုက်နိုင်ပြီး အဓိပ္ပါယ်ပြောင်းလဲ မှုရှိသော ကြိယာများရှိသလို အဓိပ္ပါယ်မပြောင်းသည့် ကြိယာများလည်း ရှိသည်။

1. Keep smiling! ( Keep to smile - မပာုတ်ပါ။)
ပြုံးထားပါ။

2. Did you enjoy reading the book? ( Did you enjoy to read the book? - မပာုတ်ပါ။)
ဒီစာအုပ်ကို ဖတ်ရတာ ကြိုက်ရဲ့လား။

3. It seems to be a nice day. ( It seems being a nice day - မပာုတ်ပါ။)
သာယာတဲ့ နေ.တစ်နေ.ဖြစ်မယ်လို. ထင်ရတယ်။

4. It started to rain/ raining. (နှစ်မျိုးလုံးသုံးနိုင်ပါသည်။ အဓိပ္ပါယ်ပြောင်းလဲမှု မရှိ)
မိုးစရွာခဲ့သည်။

5. I now regret saying what I said.
ငါ ပြောခဲ့မိတဲ့ အကြောင်းအရာကိုပြောရမှာ မို. ငါ အခု စိတ်ထိခိုက်တယ်။ (မှတ်ချက်- တစ်စုံတစ်ခု ပြုလုပ်ခဲ့မိသည်နှင့် ပတ်သက်၍ စိတ်မကောင်း)

6. I regret to tell you that you have failed the test.
မင်း စာမေးပွဲကျရှုံး ခဲ့တယ်ဆိုတာကို မင်းကိုပြောဖို. ငါ စိတ်မကောင်းပါဘူး။ (မှတ်ချက် - တစ်စုံတစ်ခုကို အသိပေးရမှာ ဖြစ်သောကြောင့် စိတ်မကောင်း)

Gerund သာလိုက်ရမည့် ကြိယာများနှင့် infinitive သာလိုက်ရမည့် ကြိယာများ အရေအတွက်မှာ
အနည်းငယ်များသောကြောင့် ဒီဆောင်းပါး တွင် အနည်းငယ်သာဖော်ပြ လိုက်ပါသည်။ စာဖတ်သူများ လိုအပ်ပါက စာရေးသူထံတို. ဆက်သွယ် တောင်းယူနိုင်ပါသည်။ စာဖတ်သူများ သိပြီးသားဖြစ်သည့် Help yourself. သည် Please feel free to + infinitive ဆိုတာမျိုးတော့ လေ့လာထားသင့်ပါသည်။ အသုံးများ သည့် Usages များကို လေ့လာထားခြင်းဖြင့်
စာဖတ်သူများ အကျိုးဖြစ်ထွန်းပါစေ။

No comments:

Post a Comment