Wednesday, May 18, 2011

Articles ( a, an , the ) အသုံးပြုပုံအကြောင်း ကိုလေ့လာခြင်း

စာဖတ်သူများ အနေနှင့် Articles များကို ငယ်စဉ်ကပင် လေ့လာဖူးကြမှာပါ။ သို.သော် အသုံးအနှုန်း များ ကို သေသေချာချာ မှတ်မထားလျှင် ရောထွေးတတ်တာမို. ဤဆောင်းပါးတွင် အသေးစိပ် ဆွေးနွေးသွားရန် စာရေးသူ ရည်ရွယ်မိပါတယ်။ Articles ပာုဆိုရာတွင် Articles ကို Indefinite Articles (a , an - မတိကျသော Articles) နှင့် Definite Articles (the - တိကျသော Article) များ ပာုလည်း မှတ်သားဖူးပါလိမ့်မည်။ နာမ်များ (Nouns) ၏အရှေ.တွင်ထား၍ အသုံးပြုရသောကြောင့် Noun Determiners များပာုလဲခေါ်ပါသည်။ Articles အကြောင်းကို စာဖတ်သူများ အလွယ်တကူလေ့လာမှတ်သား နိုင်စေရန်အတွက် အပိုင်း (၂) ပိုင်း ခွဲ၍ ဆွေးနွေးသွားလိုပါတယ်။
1. Use of Articles (Articles များထည့်သွင်းအသုံးပြုပုံ)
2. Omission of Articles (Articles များကို ချန်လှပ်ထားခြင်း)
ပာူ၍ဖြစ်ပါသည်။
Aticles များ အသုံးပြုပုံ နှင့် ချန်လှပ်ထားခြင်းအကြောင်း ကို မဆွေးနွေးမှီ Articles အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ Indefinite Articles (a,an) သည် one အတိုကောက်ဖြစ်ပြီး Definite Article (the) သည် Demonstrative Adjectives များဖြစ်သည့် this , that , these , those ၏ အတိုကောက်ဖြစ်ပါသည်။ a, an နှင့် one ၏အသုံးပြုပုံ တင်ပြလိုပါတယ်။ အောက်ပါ ဥပမာ ဝါကျကိုလေ့လာကြည့်ပါ။
1. There is a book on the table.
စားပွဲပေါ်တွင်စာအုပ်တစ်အုပ်ရှိသည်။ (ဆိုလိုသည်မှာ ပေတံမပာုတ်၊ ဖောင်တိန်မပာုတ်၊ စာအုပ်ဆိုသည့် အမျိုးအစားကို ဆိုလိုသည်။)
2. There is one book on the table.
စားပွဲပေါ်တွင် စာအုပ်တစ်အုပ်ရှိသည်။ ( နှစ်အုပ်မပာုတ်၊ သုံးအုပ်မပာုတ် - အရေအတွက်ကို အထူးပြုလိုသည်။)

Countability (ရေတွက်ခြင်း)
Articles များကို Noun (နာမ်) ၏ အရှေ.တွင်ထား၍ အသုံးပြုခြင်းကြောင့် Noun များကို Countable (အရေတွက်၍ ရနိုင်သော - e.g. one house, two houses) နှင့် Uncountable (ရေတွက်၍ မရနိုင်သော - e.g. meat, tea, steel, information) ပာူ၍ လဲ ခွဲခြား၍ မှတ်သားထားရန်လည်း လိုအပ်ပါလိမ့်မည်။ မိမိဘာသာစကားတွင် ရေတွက်နိုင်သော နာမ်သည် English ဘာသာရပ်တွင် ရေတွက်၍မရနိုင်သော နာမ်များ ရှိတတ်ပါသည်။ e.g. “Soap” ဆပ်ပြာသည် စပိန်ဘာသာ (Spanish) တွင် ရေတွက်နိုင်သော်လည်း English တွင် ရေတွက်၍ မရပါ။ ထို.ကြောင့် ရေတွက်၍မရနိုင်သော နာမ် (Uncountable Noun) ၏ အရှေ.တွင် Count Frame ကို အသုံးပြုရပါသည်။ (e.g. two gallons of milk, six blocks of ice, a bar of soap, a bunch of celery). Uncountable Nouns (ရေတွက်၍မရနိုင်သော နာမ်များ) ၏ အရေအတွက် မှာ အနည်းငယ်များသဖြင့် ယခု ဤဆောင်းပါးတွင် အနည်းငယ်မျှသာ ဖော်ပြလိုက်ပါသည်။ စာဖတ်သူများ အနေဖြင့် ပိုမိုပြည့်စုံစွာ လေ့လာသိရှိလိုပါလျှင် စာရေးသူုထံသို. ဖော်ပြပါ Email naynandaminn.lashio80@yahoo.com သို. တောင်းယူနိုင်ပါသည်။

Use of Articles (Articles များထည့်သွင်းအသုံးပြုပုံ)
Indefinite Articles (a , an) ထည့်သွင်းအသုံးပြုပုံ (၂) မျိုးရှိပြီး မှတ်သားရလွယ်ကူစေရန် First Impressions ပာုမှတ်ပါမည်။
• A Singular Noun mentioned for the first time (ပထမဆုံး အကြိမ်ဖော်ပြရာတွင် တစ်ခုကိန်းနာမ်၏အရှေ.တွင်)
e.g. I need to buy a new belt. The belt should be plaid.
A cat caught a mouse.
An hour is not too long.
I buy a book, an eraser and a pot of ink.
• Certain expressions of quantity, price, speed, etc. (အလျှင်၊ ဈေးနှုန်း၊ အရေအတွက် စသည့် အချို.သော ဖော်ပြချက်များတွင်)
e.g. A dozen, half a dozen, a score (20), a gross (20), a hundred (100), a lot of = a great many of = a great deal of, a dollar a yard, three times a day, 5km an hour

Definite Articles (the) ထည့်သွင်းအသုံးပြုပုံမှာ (၈)မျိုးရှိပြီး မှတ်သားရလွယ်ကူစေရန်အတွက်
2nd time Addition , Only one Names, Situation Class, Super Adjective ပာုစာရေးသူ မှတ်သား ထားပါသည်။ စာဖတ်သူများ အနေနှင့်လည်း အဆင်ပြေသည့် မှတ်ရလွယ်ကူစေနိုင်သည့် နည်းလမ်းများဖြင့် မှတ်သားနိုင်ပါသည်။
(1) 2nd time ကို before a noun mentioned for the second time ( ဒုတိယအကြိမ်အတွက် ဖော်ပြလိုသော နာမ်၏ အရှေ.တွင်)
• A dog barked at me. I throw a stone at the dog. The dog runs away.
ခွေးတစ်ကောင်က ငါ့ကို ပောာင်ခဲ့တယ်။ ငါ ခဲတစ်လုံးနဲ. အဲဒီခွေးကို ပစ်လိုက်တယ်။ အဲဒီခွေး အဝေးကိုပြေးသွားတယ်။
• I lent you a book last week. I want the book back.
ပြီးခဲ့တဲ့ အပတ်က မင်းကို စာအုပ်တစ်အုပ်ပေးခဲ့တယ်။ ငါ အဲဒီစာအုပ်ကို ပြန်လိုချင်တယ်။

(2) Addition ဆိုသည်မှာ before a noun made definite by the addition of a phrase or a clause (စကားစု ဝါကျကဏ္ဏ များ ပေါင်းခြင်းဖြင့် တိကျ စေသောနာမ်၏ အရှေ.တွင်)
• The man in the green suit seems very friendly.
အစိမ်းရောင်ဝတ်စုံကို ဝတ်ထားတဲ့ လူကြီးက ဖော်ရွှေပုံပေါ်တယ်။
• The wool that is produced in Scotland is used to make sweaters.
စကော့တလန်တွင် ထုတ်လုပ်သည့် သိုးမွေးသည် ဆွယ်တာလုပ်ရန်သုံးသည်။
• The students who did not do their homework are punished.
အိမ်စာမလုပ်သောကျောင်းသားများ အပြစ်ပေးခံရသည်။

(3) Only one မှာ before nouns of which there is only one (တစ်ခုတည်းရှိသော နာမ်များ၏ အရှေ.တွင်)
• The earth, The sun, The moon, The sky, The sea, The weather, The climate, The polar star
(4) Names မှာ before the names of rivers, seas, oceans, gulfs, mountain ranges, groups of islands, ships, important buildings, newspapers and plural names of countries (နိုင်ငံများ၏ အများကိန်း နံမည်များ၊ သတင်းစာ၊ အရေးပါသော အဆောက်အအုံ၊ သဘောင်္များ၊ ကျွန်းစု အုပ်စုများ၊ တောင်တန်းများ၊ ပင်လယ်ကွေ.များ၊ သုမုဒ္ဒရာများ၊ပင်လယ်၊ မြစ်ချောင်းများ ၏ အမည်နာမ် ရှေ.တွင်)
• the Atlantic, the Pacific, the Himalayas, the Sahara, the National Museum, the Straight Times, the Netherlands, the United States of America

(5) ¬¬¬¬¬¬Situation မှာ The context or situation makes the noun’s identity clear (ပါဝင်မှုစကားစု၊ အခြေအနေသည် နာမ်၏ ဝိသေသထူးကို ထင်ရှားရှင်းလင်းစေသည် )
• Please read the fourth paragraph on the page 3.
စာမျက်နှာ ၃ တွင်ရှိသော စာပိုဒ် ၄ ကို ကျေးဇူးပြုပြီးဖတ်ပါ။
• Mother is in the living room.
အမေ ဧည့်ခန်းတွင်ရှိသည်။
• Can I use the car? ( the car သည် ပြောသူရော၊ နားထောင်သူပါသိရှိထားသည် ဆိုသည့် ဝိသေသရှိသည့် ကားဖြစ်သည်။)
• Close the door. (တံခါးကို ပိတ်လိုက်ပါ ပာုဆိုရာတွင်လဲ ပြောသူရော အပြောခံရသူပါ ဘယ်တံခါးကိုဆိုလိုသည်ကို သိနှင့်ပြီးဖြစ်သည်။)
• The wounded man is taken to the hospital. (ဆိုင်ရာ ဆေးရုံသို.)

(6) Class ကိုတော့ before singular nouns used to present a class of objects (ဝတ္ထုပစ္စည်းများကို အုပ်စု အဆင့်အတန်း အနေဖြင့် ဖော်ပြလိုသော် အနည်းကိန်းနာမ်များ၏ အရှေ.တွင်)
• The cow gives us milk.
နွားသည် ကျွန်တော်တို.အား နွားနို.ကိုပေးသည်။ (နွား ဆိုသည့် အုပ်စု-class တစ်ခုလုံးကိုညွှန်းသည်)
• The ant is industrious. (ပုရွက်ဆိတ် အုပ်စု တစ်ခုလုံး)
ပုရွက်ဆိတ်သည် ဝီရိယရှိသည်။
• The elephant is the largest land animal.
ဆင်သည် အကြီးမားဆုံးသော ကုန်းနေ သတ္တဝါဖြစ်သည်။ (မည်သည့် ဆင်အုပ်စုမဆို)
(7) Super မှာ before superlative adjectives ( အဆင့်အမြင့်ဆုံး နာမဝိသေသန များ၏ အရှေ.တွင်)
• John is the best player in the team.
John သည် အသင်းတွင် အတော်ဆုံး ကစားသမားဖြစ်သည်။

• Today is the most important day of my life.
ဒီနေ. သည် ကျွန်တော့ ဘဝတွင် အရေးကြီးဆုံးသောနေ.ဖြစ်သည်။
(8) Adjectives သည် before adjectives to present a class of persons ( လူများ အဆင့်အတန်း အုပ်စုကို ဖော်ပြရန် အသုံးပြုသည့် နာမဝိသေသနများ ၏ အရှေ.တွင်)

• The rich should help the poor.
ချမ်းသာသောလူတန်းစားများသည် ဆင်းရဲသည့်လူတန်းစားများကို ကူညီသင့်သည်။
• We pity the blind and the deaf.
ကျွန်တော်တို.သည် မျက်မမြင် နှင့် နားမကြားသူများကို သနားသည်။

ယခုဒီဆောင်းပါး ကို ပထမပိုင်း အနေဖြင့် Use of Articles – Articles များ ထည့်သွင်း အသုံးပြုပုံ အကြောင်း ကို ဆွေးနွေးထားပြီး ဖြစ်ပါသည်။ သို.ဖြစ်ပါ၍ Use of Articles တွင် Indefinite Articles အား First Time Expressions ပာူ၍ လည်းကောင်း၊ Definite Articles အတွက် ကို တော့ 2nd Time Addition/ Only one Names/ Situation Class/ Super Adjective ပာူ၍ လည်းကောင်း၊ သေသေချာချာလေ့လာ မှတ်သားထားစေလိုပါသည်။ စာဖတ်သူများ ဆထက်ထမ်းပိုးအကျိုး ဖြစ်ထွန်းပါစေ။
*****ဒုတိယအပိုင်း ဖြစ်သည့် Omission of Articles – Articles များ ချန်လှပ်ခြင်း အကြောင်း နှင့် သတိပြုမှတ်သားထားစရာများ ကို နောက်လာမည့် ဆောင်းပါးတွင် ဆက်လက်ဆွေးနွေးသွားပါမည်။*****

Monday, January 3, 2011

So do I/ Neither do I/ Me too တွေ ရဲ့ အသုံးပြုပုံ ကို နွေးထွေးခြင်း

နေ.စဉ်စကားပြောတွင် ကြုံရတတ်သည့် So do I ဆိုတဲ့ အသုံးအနှုန်းမျိုးကို စာဖတ်သူများ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ တကယ်တော့ အဓိပ္ပါယ်က “ကျွန်တော်လဲပဲ” ဆိုပြီး Me too နဲ. တူပါတယ်။ သို.သော် Usage တွေချင်းမတူ သာကြောင့် စာဖတ်သူများ ကဂနဏ သဘောပေါက်နားလည် စေရန်ရည်ရွယ်ပြီး ဆွေးနွေးသွားပါမယ်။
Expression of Agreement ကို ဖော်ပြရာတွင် ပုံစံနှစ်မျိုးရှိပါသည်။

1. So + Auxilliary Verb+ Subject (Positive Sense)
2. Neither+Auxilliary Verb+Subject (Negative Sense)

So+Auxiliary Verb+Subject

ဖော်ပြပါပုံစံကို သုံးရန်အတွက် Affirmative Sentence(ပာုတ်ကြောင်း၊မှန်ကြောင်း) ဖြစ်သည့် ဝါကျ တွင် တစ်ခြားသူ တစ်ယောက် ကဲ့သို. တူညီသော ခံစားချက် (သို.မပာုတ်) တူညီသောလုပ်ဆောင်ချက် ကို ဖော်ပြရာတွင် အသုံးပြုသည်။

e.g. 1. A: I want to go to the beach.
ငါ ကမ်းခြေကို သွားချင်တယ်။
B: So do I.
ငါလဲ သွားချင်တယ်။

2. A: I am exhausted.
ငါ ပင်ပန်းလိုက်တာ။
B: So am I.
ငါလဲ ပင်ပန်းတယ်။

3. A: I was late.
ငါနောက်ကျခဲ့တယ်။
B: So was he.
သူလဲပဲနောက်ကျခဲ့တယ်။

4. A: I’m almost ready to leave.
ငါ သွား (ထွက်ခွါ) ဖို. အဆင်သင့်ဖြစ်ခါနီးပြီ။
B: So are the rest of the people in the room.
အခန်းထဲမှာ ကျန်တဲ့ လူအားလုံးလဲ အတူတူပဲ။

5. A: Bob loves chocolate.
Bob က ချောကလက်ကြိုက်တယ်။
B: So do his brother and sister.
သူ.အစ်ကိုနဲ.သူ.ညီမလဲ ချောကလက် ကြိုက်တာပဲ။

အထက်ဖော်ပြထားသည့် ဝါကျများကိုကြည့်မယ်ဆိုရင် Auxiliary Verbs နှင့် Subjects များ၏ ပြောင်းလဲမှုများကို သတိထားမိပါလိမ်.မယ်။
Neither+Auxiliary Verb+Subject

ဖော်ပြပါ ပုံစံကို Negative Sentence (ငြင်းပယ်သော၊ ဆန်.ကျင်သော) ဖြစ်သည့် ဝါကျ တွင် တစ်ခြားသူ တစ်ယောက် ကဲ့သို. တူညီသော ခံစားချက် (သို.မပာုတ်) တူညီသောလုပ်ဆောင်ချက် ကို ဖော်ပြရာတွင် အသုံးပြုသည်။


e.g. 1. A: I haven’t had a promotion for a long time.
ငါ ရာထူး မတိုးတာ ကြာနေပြီ။
B: Neither have I.
ငါလဲပဲ မတိုးဘူး။

2. A: She won’t be able to attend the meeting.
သူမက အစည်းအဝေးပွဲကို တက်နိုင်မှာ မပာုတ်ဘူး
B: Neither will I.
ငါလဲပဲ တက်နိုင်မှာ မပာုတ်ဘူး။

3. A: I’d better not forget!
ငါ မမေ.သင်.ဘူး။
B: Neither had I.
ငါလဲပဲ မမေ.သင်.ဘူး။

4. A: Jim hasn’t traveled very much.
Jim က ခရီးသိပ်မထွက်ဘူး။
B: Neither have any of his friends.
သူ.သူငယ်ချင်းအားလုံးလဲ အတူတူပဲ။

5. A: Betty didn’t wait for us.
Betty က ငါတို.ကို မစောင့်ခဲ့ဘူး။
B: Neither did Sue and Lily.
Sue နဲ. Lily လဲ အတူတူပဲ။

အထက်ပါ ဥပမာ များကို ကြည့်လျှင်
Helping Verb လို.ခေါ်သည့် Auxiliary Verb သည် နောက်တွင် တွဲပါလာမည့် Subject နှင့် Previous Statement (ဖော်ပြပြီး အဆိုပြုချက်) တွင် အသုံးပြုထားသည့် အမျိုးအစားထဲမှ လိုက်ပြီးသင့်လျှော်သောပုံစံ ကိုပြောင်းလဲရပါသည်။

မှတ်ရန်မှာ
Affirmative Sentence အတွက် သဘောတူ ညီမှုကို ပြချင်လျှင် So + Auxiliary Verb + Subject
Negative Sentence အတွက် သဘောတူညီမှုကို ပြချင်လျှင် Neither + Auxiliary Verb + Subject

အထက်ဖော်ပြပါ Expression of Agreement ကို တစ်ခြား ဖော်ပြနိုင်သော Informal ဖြစ်သည့် ပုံစံမှာ

1. Me too ( for Affirmative Senetence - ပာုတ်ကြောင်း၊မှန်ကြောင်း)
2. Me either (or) Me neither ( for Negative Sentence - ငြင်းပယ်သော၊ ဆန်.ကျင်သော)

အောက်ဖော်ပြပါဝါကျကိုလေ.လာကြည့်လျှင် စာဖတ်သူများပိုမို သဘောပေါက် နားလည်ပါလိမ်.မည်။

1. A: I had a pet dog when I was young.
ငါ ငယ်ငယ်တုန်းက အိမ်မွေးခွေးတစ်ကောင်ရှိတယ်။
B: So did I or So had I or Me too.
ငါ့မှာလဲရှိခဲ့တယ်။

2. A: I have a pet dog.
ငါ့မှာ အိမ်မွေးခွေးရှိတယ်။
B: So have I or So do I or Me too.
ငါ့မှာ လဲ တစ်ကောင်ရှိတယ်။

3. A: I might not be here tomorrow.
မနက်ဖြန်ခါ ငါ ဒီမှာ ရှိချင်မှရှိမှာ။
B: Me, either or Me, neither or Neither might I.
ငါလဲရှိချင်မှရှိမှာ။

ယခုဖော်ပြချက်တွင် Me နေရာတွင် တစ်ခြား Pronoun များ သုံးခွင့်မရှိပါ။ Third Persons (He/She/It/They) ဖြစ်သည့် တစ်ခြားသူ၏ အကြောင်းကိုပြောမည်ဆိုပါကလဲ her too or him too or they too ဆိုပြီး Me too နှင့် Me, either or Me, neither ပုံစံအတိုင်း အသုံးမပြု ရပါ။ ထို Pronouns များကို သုံးပြုလိုလျှင် အထက်တွင်ဖော်ပြထားသည့် So+Auxiliary verbs+ Sub or Neither+Auxiliary Verb+ Subject များကို သာ အသုံးပြုရမည်ဖြစ်သည်။ စာဖတ်သူများ အားလုံး အကျိုးဖြစ်ထွန်းပါစေ။