Wednesday, June 30, 2010

IELTS ၏ Speaking ကဏ္ဏ အတွက် အားကောင်းသော Adverbial Expression များ

Spoken English တွင် Adverbial Expressions သည် စကားပြောဆိုရာ တွင် အလွန်ထိရောက်မှု ရှိတယ်ဆိုတာကို English စာလေ့လာနေသူများ သိပြီးသားဖြစ်မှာပါ။ အဲဒါကြောင့် နေ.စဉ်စကားပြောမှာ ရော IELTS ဖြေဆိုမည့် ကျောင်းသားအတွက် ရော အကျိုးရှိစေမည့် အသုံးများသော Adverbs တွေကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ကျက်မှတ်ထားသင့်ပြီး Spoken English အတွက် အသုံးဝင်မယ့် Adverbs တွေက တော့

1. Somehow
တစ်နည်းနည်းဖြင့်။ ဘယ်နည်းနှင့်မဆို။ ဘာကြောင့်မှန်းမသိ။ (British အသုံးဖြစ်တယ်။
American နေနဲ.ကတော့ Somehow အစား Someway ကိုသုံးပါတယ်။)

e.g. 1. We must stop him from seeing her somehow.
ကျွန်တော်တို.တွေ သူ.ကို သူမကိုလာတွေ.တာ ဘယ်နည်းနဲ.မဆို ရပ်အောင်လုပ်ရမယ်။
2. Somehow I must get a new job.
ဘာကြောင့်မှန်းတော့မသိဘူး ငါ အလုပ်သစ်ရကို ရရမယ်ကွာ။
3. Somehow, I don't feel I can trust him.
ဘာကြောင့်မှန်းတော့မသိဘူး ငါသူ.ကို ယုံကြည်တယ်လို. မခံစားရဘူး။

2. Anyhow ( Anyway ပာုလဲသုံးသည်။)
၁. ထို.အပြင်၊ ဒါ့အပြင်(ရှေ.တွင်ဆိုပြီးသည်ကို အတည်ပြုသောအားဖြင့်သုံးသည်။) Besides နဲ.တူပါတယ်။
e.g It's too expensive and anyhow the color doesn't suit you.
အဲဒါ က သိပ်ဈေးကြီး တယ် ဒါ့အပြင် အရာင်ကလည်း မင်းနဲ. မလိုက်ဘူး။

၂. သို.ပေမယ့်
e.g The water was cold but I had a bath anyhow.
ရေတွေ အေးနေခဲ့တယ် သို.ပေမယ့် ငါ ရေချိုးခဲ့တယ်။

၃. ဘာပဲဖြစ်ဖြစ်
e.g Anyhow, let's forget about that for the moment.
ဘာပဲဖြစ်ဖြစ် အဲဒါကို ငါတို. တဒင်္ဂလောက် မေ.ထားကြစို.။
Anyhow, I'd better go now. I will see you tomorrow.
ဘယ်လိုပဲဖြစ်ဖြစ် အခု ငါသွားသင့်ပြီ။ မနက်ဖြန်မှ ငါမင်းကို လာတွေ.မယ်။

၎. ဖြစ်ကတတ်ဆန်း။ ပစ်စလတ်ခတ်။
e.g She threw her clothes down all anyhow.
သူမပာာ အဝတ်ကို ဖြစ်ကတတ်ဆန်း ပစ်ခဲ့တယ်။

(ဆက်လက်ရေးသားပါမည်၊)

Monday, June 28, 2010

စင်္ကာပူကိုလာရင် ဘာတွေပြင်ဆင်ရမှာ လဲ... Speaking ကသိပ်မကောင်းတော့ လာရမှာ စိုးရိမ်တယ်.. ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ Gtalk ကနေပြောတဲ့စကားကို ...

စင်္ကာပူကိုလာရင် ဘာတွေပြင်ဆင်ရမှာ လဲ... Speaking ကသိပ်မကောင်းတော့ လာရမှာ စိုးရိမ်တယ်.. ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ Gtalk ကနေပြောတဲ့စကား ကို စာရေးသူ နေနဲ. အကြံပြုချင်တာ ကတော့... အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင်ပြောဆို ရမယ်ဆိုတဲ့ထိတော့ မတောင်းဆိုချင်ပါဘူး... ဒီမှာ ရှိနေတဲ့ အလုပ်လုပ်နေတဲ့ သူတွေရော ၊ ကျောင်းလာတက်ကြ တဲ့ သူတွေရော ကြုံတွေ.နေရတဲ့ ပြဿနာ က သူတို.ပြောနေတဲ့ လေသံကို အစမှာတော့ နားထောင်ဖို.တော်တော်ကို ခက်ပါလိမ့်မယ်။ တော်တော်များများတော့ လိုရင်းကိုတာ ပြောကြတာမို. Subject + Verb Agreement ယူရမှာမျိုး ကအစ ဖြစ်သင့်တဲ့ အသုံးပြုရမယ့် ကာလ ကို Present Simple၊ Past Simple နှင့် Future Simple လောက်ကိုတာ ပိုမို အသုံးပြုကြပါတယ်။ စင်္ကာပူကိုလာ ပြီး အလုပ်လာရှာမယ့်သူ အဖို.က တော့ အရေးကြီး ဆုံး က ကိုယ် ရဲ့ အလုပ်အတွေ.အကြုံကို တော့ စီကာပတ်ကုံးပြောတတ်ဖို.အတွက် ကိုယ့်အကြောင်းကို ကိုတော့ ပြင်ဆင်ဖို. လိုလိမ့်မည်။ အင်တာဗျူးမေးသူ အနေနှင့် အင်တာဗျူးဖြေဆိုသူ အား ပထမဦးဆုံး သော Impression မှာ Appearance ဖြစ်သလို ကိုယ့် ရဲ့ English စာအတွက် က ပထမဦးဆုံး Impression မှာ 4Skills ထဲ က Speaking ပဲဖြစ်ပါတယ်။ Speaking ကို လေယူလေသိမ်း ကောင်းကောင်းနဲ.ပြောနိုင်ဖို. ကတော့ Phonetics ကို ကောင်းစွာ ပိုင်နိုင်နေဖို.လိုပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ ရှိတုန်း ကိုယ့်ရဲ့ Spoken English ကို ကောင်းဖို. အတွက် ဆရာကောင်းသင်တန်းကောင်းတွေ မှာ လေ့လာဖို.လိုပါတယ်။ လာပြီး အလုပ်လာရှာမယ့် သူအတွက် က အနည်းဆုံး သင့်တော်တဲ့ အခြေအနေတစ်ခုမှာ ကိုယ့် English ကျွမ်းကျင်မှုတော့ ရှိသင့်ပါတယ်။ (ဆက်လက်ရေးသားပါမည်)

Friday, June 25, 2010

အင်္ဂလိပ် ဘာသာ စကားအဆောက်အအုံ ကို ချဉ်းကပ်ခြင်း

အင်္ဂလိပ်ဘာသာ စကားကို သေချာစွာ လေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် စာရေးသူ၏ အမြင်မှာ သတ်မှတ်ထားသောဘောင် အကျဉ်းမှ အကျယ်သို. လေ့လာသွားလျှင်ပိုမိုထိရောက်မူ ရှိမည်ပာုမြင်ပါသည်။ ဆိုလိုသည် မှာ . ယေဘုယျ အားဖြင့် အင်္ဂလိပ်စာ တွင်

1. 8 parts of Speech
2. Tenses
3. Phonetics

လို.ပဲမြင်ပါတယ်။ Slang တို. Idiom တို.ပာာ 8 parts of Speech တွေကနေ တစ်ဆင့် ပေါက်ဖွားလာတယ်ဆိုတာ စာဖတ်သူများသိပါလိမ့်မယ်။ အဲဒီတော့ အခု ဖေါ်ပြထားတဲ့ အကြောင်းအရာတွေ ကိုတော့ သေသေချာချာ လေ့လာ မှတ်ယူသင့်ပါတယ်။ 8 parts of Speech ကို လေ့လာမယ်ဆို ရင် တော်တော်ကို ကျယ်ပြန်.လွန်းပြီး အချိန်ယူပြီး လေ့လာရမှာ ဖြစ်လို. Tenses နဲ. Phonetics ကို အရင် စပြီးလေ့လာတာပာာ စာဖတ်သူများ အတွက် ပိုမို အောက်သက်ကျေ ပြီး အခြေအမြစ်ခိုင်မှာ ဖြစ်တယ်။ အဲဒီအကြောင်းအရာတွေကိုလဲ စာရေးသူအနေနဲ. ကဏ္ဏ တစ်ခုချင်း စီ အသေးစိပ်သွားမှာ ဖြစ်လို. စာဖတ်သူများ အတွက် အဆင့်နိမ့် နေမှာ ကို တောင် စိုးရိမ်မိပါတယ်။ ဒါပေမယ့် လေ့လာသူများ အနေနဲ. အခြေခံကျကျ သိရှိသွားဖို.ကို ရည်ရွယ်တာ ကြောင့် သေသေချာချာ မှတ်စေချင်ပါတယ်။

Tenses က(၁၂) မျိုးရှိတယ်ဆို ပေမယ့် အားလုံးကို အသုံးပြုနိုင်တယ်လို.မဆိုပါဘူး။ အဲဒီ (၁၂)မျိုးမှ အသုံးများတဲ့ ကာလ တွေကိုသာ စာရေးသူ အနေနဲ. နောက် ပိုစ့်တွေမှာ ဆွေးနွေးသွားမှာပါ။ ကဏ္ဏ တစ်ခု အနေနဲ.ထပ်မံ ရေးသားမှာ ဖြစ်လို. သီးခြားကဏ္ဏမှာ ထပ်မံ ဖတ်ရူပေးပါ။

Phonetics အနေနဲ.ကတော့ နေ.စဉ်ပြော စကားပြောမှာ ရော အင်္ဂလိပ်စာ လေ့လာ လိုက်စားနေသူများ အတွက် သိကိုသိသင့် သိထိုက်တဲ့ ပညာရပ်ပါ။ English အက္ခရာ ၂၆ လုံး ရှိရာ မှာ a,e,i,o,u ဖြစ်တဲ့ Vowel ၅လုံး နဲ.ကျန်တဲ့ ၂၁ လုံး က Consonants ဖြစ်တယ်ဆိုတာ စာဖတ်သူများ သိပြီးသားပါ။ ဆိုလိုတာ က အက္ခရာမှာ သူတို.ကိုယ်ပိုင် အသံလေးတွေရှိကြပါတယ်။ သီးခြားကဏ္ဏ နေနဲ. ထပ်မံ ဆွေးနွေးပါမယ်။ Phonetics ကို အဓိက အားဖြင့် Consonants (၂၄)လုံး နဲ. Vowels (၂၀) လုံး ရရင် အသံ ကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်မှာ ဖြစ်ပြီး နေ.စဉ်ပြော စကားပြောမှာရော ပီပီသသပြောနိုင်မှာ ဖြစ်လို. ယုံကြည်မှုကို လဲ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်တယ်။
စာရေးသူသည် စာရေးသူ၏ သူငယ်ချင်းဖြစ်သူ (ကိုရဲနေမျိုးပာန်-ခွဲစိတ်ဆရာဝန်) နှင့် English ဘာသာရပ်ကို ဆွေးနွေးကြည့်မိပါတယ်။ ကိုရဲနေမျိုးပာန် က 1997 ခုနှစ်တွင် ၁၀တန်းကို အင်္ဂလိပ်စာဂုဏ်ထူးရှင် နေနဲ.ရော တစ်နိုင်ငံလုံးအဆင့် ရော နံပါတ် ၆ ချိပ်ခဲ့ပါတယ်။ စာရေးသူ က အင်္ဂလိပ်ဘာသာ စကား 4 Skills လုံးကျွမ်းကျင်တတ်မြောက်ဖို. သူ၏အမြင်ကို မေးမြန်းကြည့်တဲ့ အခါမှာ Listening အတွက် အကောင်းဆုံးက တော့ သတင်းကို များများ နားထောင် စေချင်ပါတယ်။ သတင်းကြေငြာသူမှာ သတင်းအချက်အလက်ကို တိတိကျကျနဲ. ပီပီတတ ပြောမှာဖြစ်လို. နားထောင်မူစွမ်းရည်ကို ပိုမို လွယ်ကူစွာနဲ. လေ့ကျင့်ယူနိုင်မှာဖြစ်တယ်။ (ဆက်လက်ရေးသားပါမည်။)

IELTS ဖြေဆိုမည့်ကျောင်းသားများအတွက်

ယခုအပတ် အတွက် IELTS နှင့် TOEFL ဖြေဆိုမည့် သူများ အတွက် အကျိုးရှိစေရန် ရည်ရွယ် ၍ ကဏ္ဏ တစ်ရပ်နေနဲ့ ဆွေးနွေး သွားမယ်လို. စာရေးသူစိတ်ကူးမိပါတယ်။ Australia နှင့် နိုင်ငံတကာရှိ တက္ကသိုလ် များတွင် ကျောင်းဝင်ခွင့် ရရှိစေရန်အတွက်လည်းကောင်း၊ Australia, Canada or New Zealand နိုင်ငံများတွင် နေထိုင်ခွင့်ရရှိစေရန်အတွက် လည်းကောင်း English စာစွမ်းရည် ကို စမ်းသပ်စစ်ဆေးသည့် အနေနဲ. IELTS စာမေးပွဲ ကို ဖြေဆို ရပါသည်။ IELTS (International English Language Testing Service) သည်

IELTS မေးခွန်း အမျိုးအစား (၂) မျိုးရှိပါတယ်။
1. General (For immigration purpose)
(အမြဲ တမ်းနေထိုင်သူ အဖြစ် နိုင်ငံအတွင်းသို့ ကူးပြောင်းဝင်ရောက်ရန်အတွက်)
2. Academic (in case you want to study at University or apply for residency in occupation which requires higher English level such as teacher, nurse…)
(တက္ကသိုလ် တွင် ပညာသင်ကြားလိုလျှင် သို.မပာုတ် ကျောင်းဆရာ၊ သူနာပြု ကဲ့သို.သော English စွမ်းရည်မြင့်မားမှုလိုအပ်သောအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များကဏ္ဏတွင်နေထိုင် လုပ်ကိုင် ရန်အတွက် လျှောက်လိုလျှင်)

စာမေးပွဲ မေးခွန်းပုံစံ တစ်ခုတွင် အပိုင်း (၄) ပိုင်း ပါဝင်ပါသည်။

1. Listening (40 mins)
2. Reading (60 mins)
3. Writing (60 mins)
4. Speaking (14 mins)

General နဲ. Academic မေးခွန်းတွင် Listening နှင့် Speaking ပုံစံမှာ တူပြီး Writing နှင့် Reading တွင် မှာ သာ ကွာခြားပါတယ်။ ဤ ကဏ္ဏတွင် Academic နေနှင့်သာ ဖြေဆိုသူ ပိုမိုများသောကြောင့် Academic အကြောင်းကို သာ အဓိကထား ၍ဆွေးနွေးသွားပါမယ်။ မေးခွန်းတွင်ပါဝင်သော အပိုင်း (၄) ပိုင်းကို တစ်ပိုင်းချင်း စီ အကျယ်တဝင့် ဆွေးနွေး သွားပါမယ်။ ယခု အပတ် အတွက်တော့ Writing အကြောင်း ကို စတင် ပြီး ဆွေးနွေးသွားပါမယ်။

3. Writing
Writing Section တွင် Task 1 နဲ. Task 2 ဆိုပြီး အပိုင်း(၂) ပိုင်း ပါဝင်ပါတယ်။ ဖြေဆိုချိန်အတွက် မိနစ် (၆၀) ပေးထားပါတယ်။ Task 1 ကို ဖြေဆိုရာ မှာ စာလုံးရေ အနည်းဆုံး (၁၅၀) တော့ ရေးသား ရပါမယ်။ Task 2 အတွက်တော့ စာလုံးရေ အနည်းဆုံး (၂၅၀) ရေးသားရပါမယ်။ Task 1 အတွက် မိနစ် (၂၀) လောက် သာ အချိန်ယူဖို. အကြံပြုမှာပြီး Task 2 အတွက်တော့ မိနစ် (၄၀) ခန့် အချိန်ယူသင့်ပါတယ်။ Task 2 သည် အမှတ်ပိုမို ရမှာ ဖြစ်လို. ပထဦးဆုံးဖြေ စေချင်ပါတယ်။

Task 1 ကို မေးလေ့ရှိတဲ့ပုံစံ ကတော့ (GBP MDT M - Flow) ဆိုတဲ့ (၈) မျိုးပါ။

1. G = Graph
2. B = Bar Chart
3. P = Pie Chart
4. M = Map
5. D = Diagram
6. T = Table
7. M = Mixed
8. F = Flow Chart

တို.ဆိုပြီး မေးလေ့ရှိပါတယ်။

Task 1 ကို ဖြေဆိုဖို. က PCP နဲ. စဉ်းစားသင့်ပါတယ်။

1. P = Points of importance (အဓိကအချက်အလက် အကြောင်းအရာကိုစဉ်းစားရန်)
2. C = Comparison (အရေးကြီးဆုံးကိုသာ နှိုင်းယှဉ်ပြရန်)
3. P = Presentation (ဘယ်လို ရှင်းလင်းတင်ပြမလဲ)

Task 1 ကို အမှတ်ကောင်းကောင်း ဖြေဆို နိုင်ဖို. အတွက် အမှတ်ပေးရာမှာ ပါသင့်တဲ့(Task Compare Structure Vocab Grammar No Repeat To Be Clear) ဆို သာတွေနဲ. ပြည့်စုံသင့်ပါတယ်။ မှတ်ရလွယ်အောင် ပြင်ဆင်ထားပါတယ်။

1. Task = Task Fulfilment ( ပေးထားသောပုံ တွင် ပါရှိသည်များကို ပြည့်စုံစွာ ဖော် ပြရပါမယ်။ )
2. Compare = Comparison of the suitable things ( နှိုင်း ယှဉ်ဖော်ပြသင့်သည်များကို ခိုင်းနှိုင်း ဖော်ပြရန်
3. Structure = Variety of Structure တင်ပြပုံတွင် ဝါကျတည်ဆောက်မူပုံစံ ပိုမို စုံလျှင်ပါက စာစစ်သူ နေနှင့် ဖြေဆိုသူ ၏ ပင်ကိုယ်စွမ်းရည်ကို အကဲခတ်နိုင်မည်။)
4. Vocab = Vocabularies ဝေါပာာရကြွယ်ဝမှု သည် ဖြေဆိုသူ၏ ပင်ကိုယ်စွမ်းရည်ကို အကဲဖြတ်နိုင်သည်။
5. No repeat = ထပ်ခါ ထပ်ခါ အသုံးပြုမယ့် အစား အဓိပ္ပါယ်တူ ပြီး စာလုံးပေါင်း ကွဲသည့် (Synonym) များကို ရွေးချယ် အသုံးပြုသင့်သည်။ သို.သော် Usage ကိုတော့ ပိုင်နိုင်ဖို.လိုပါမည်။
6. Presentation = Presentation to be clear ပေးထားသည့်မေးခွန်းပုံကို ရှင်းလင်းတင်ပြရာတွင် စာစစ်သူကို ဆိုလိုရင်းအဓိပ္ပါယ်အား တိတိကျကျနှင့် ရှင်ရှင်းလင်းလင်း ဖြေဆိုသင့်သည်။

Writing Task 1 ကို ဖြေဆိုရာတွင်
Task 1 အတွက် ဖြေဆိုသူများ အနေနှင့် မေးခွန်း ၏ သဘော သဘာဝကို သတိပြုပြီး ဖြစ်ကောင်းဖြစ်ပေမည်။ မေးခွန်း ကပင် Summarize ၊ Main Features၊ Reportတို.ဖြင့် ချုပ်ထားသောကြောင့် ပါသင့်သည်များကို အတိုချုပ်ပြီး တင်ပြပုံ ပြေပစ်ရမည်။
စာရေးသူနေနဲ့ အကြံပြုချင်သည် မှာ
Task 1 ရဲ့ မေးခွန်းကို ပြည့်စုံစွာ ဖြေဆိုနိုင်ရန် I O D C နဲ့ သွားသင့်ပါသည်။
1. I = Introduction (နိဒါန်း - အကြောင်းအရာ၊ နေရာ ၊ အချိန် တို.ကို သာ ဖော်ပြရုံနဲ.ပြည့်စုံသည်။)(မှတ်ချက် - နေရာ နှင့် အချိန် သည် မေးခွန်းက ဖော်ပြမှသာ ထည့်သွင်း ဖော် ပြရန်)
2. O = Overview (မေးခွန်း ၏ အဓိကအကြောင်းအရာ ကို ချုံငုံ ၍ ရေးသားရန်)
3. D = Details ( အရေးကြီးသည့် အကြောင်းအရာကို အသေးစိပ်ဖော်ပြရန်)
4. C = Conclusion (နိဂုံးချုပ်)

ကောင်းမယ်ထင်လို. ဒီ သင်ခန်းစာကို - Flowery English လို.နံမည်ပေးထားပါတယ်။ လေ့လာကြည့်ပါ နောက် သင်ခန်းစာတွေမှာ ဥပမာ ဝါကျတွေကို များများပေးသွားပါမယ်။

1. Have in-depth knowledge of (Verb) ခရေစေ့တွင်းကျ သိသည်။
(in-depth = very thorough and detailed)
2. make a libation (Verb) ရေစက်ချသည်။
3. pick up (Verb) ရောဂါ ကူးစက်သည်။(e.g Untidiness is easily picked up)
4. laugh up one’s sleeve (Idiom) တီးတိုး ကြိတ်ရယ်သည်။
5. devoid of stress and strains (verb) မွန်းကျပ်မှုမရှိ။
6. musical signature (N-Phrase) လက်သံ ( ဂီတ နဲ. ပတ်သက်လျှင်သုံးသည်။)
7. with great gusto (Adverb-P) အားရပါးရ။(ကောင်းတဲ့သဘော သက်ရောက်)
8. modern England tune (N-Phr) England သံဆန်း တီးလုံး။
9. aesthetic tune (N-Phr) ဗြောညွန့် တီးလုံး။
10. pass the time of day with sb (Verb-Phr) အလာပသလ္လာပ ပြောသည်။
11. by hook or by crook (Idiom) ဘယ်လို နည်းနဲ.ဖြစ်ဖြစ်။ ( by any means, whether just or unjust, legal or illegal. Also by hook or crook)
12. in the fond hope/believe (Adv-Phr) ပေါက်လိုပေါက်ငြား ရလိုရငြား။
13. exemplary (Adj) စံထားထိုက်သော၊ အတုယူထိုက်သော၊ စံပြ။
(exemplary behavior, exemplary student, exemplary punishment or damages)
14. orator (N) အပောာအပြာကောင်းသူ၊အာဝဇ္ဇန်း ကောင်းသူ
15. flatly (Adv) လုံးဝ၊ ပြတ်ပြတ် သားသား။ (absolutely)
16. beyond one’s means (Adv-Phr) မတတ်နိုင်၊ လက်လှမ်းမမှီ။
17. dress to the nines (Idiom) အကောင်းဆုံးဝတ်စားဆင်ယင်သည်။ သပ်ရပ်စွာ၊ ခန်းနားစွာ ဝတ်ဆင်သည်။ ( e.g All girls were dressed to the nines for the party)
18. call off (Verb-Phr) ဖျက်သိမ်းသည်။
19. see off (Verb-Phr) လိုက်ပို.သည်။ (ခရီးထွက်သည့်နေရာ သုံး)
20. head wind (Noun-Phr) လေဆန်။
21. Subordinate days (Noun-Phr) အိမ်နိမ့်စံဘဝ။
22. on the run (Idiom) ရှောင်တိမ်း။
(e.g The escaped murderer has been on the run for three week.)
23. achiveve supremacy over the country (Verb) အထွတ်အထိပ်သို. ရောက်အောင် တက်လှမ်းလာနိုင်ခဲ့သည်။
24. Vbe+constricted among ill-wishers (Verb) မလိုမုန်းထားသူ တို.အကြား ခက်ခဲကျဉ်းမြောင်းစွာနေရသည်။
25. being driven by great misery (Phrase) ဆင်းရဲကျပ်တည်းလှသောကြောင့်။

Simple , Compound နဲ. Complex အကြောင်းကို ကဂနဏ လေ့လာထားသင့်ပါတယ်

စာဖတ်သူ၊ English ဘာသာရပ် ကို လေ့လာ နေသူများ အနေနဲ့ သိပြီး သား ဖြစ်တဲ့ Sentence အကြောင်း ဆွေးနွေးချင် ပါတယ်။ English ဘာသာ ရပ်တွင် Simple Sentence (ရိုးရိုး ဝါကျ)၊ Compound Sentence (စုပေါင်းဝါကျ) နဲ့ Complex Sentence (ရောယှက် ဝါကျ)ဆို ပြီး သုံးမျိုး ခွဲထားပါတယ်။ သို့သော် ခေတ်သစ် English သဒ္ဒါ စာအုပ်တွေမှာ တော့ Complex Sentence ကို Compound အုပ်စု ထဲ ထည့်သွင်းကြပါတယ်။ Compound Complex Sentence ဆိုပြီးတော့ Conjunctions ကြောင့် ခွဲထွက်သွားပါ သေးတယ်။ ယေဘုယျ အနေနဲ့ တော့ Sentence (၃) မျိုးပဲ အခြေခံ ပါတယ်။

Three Types of Sentence
1. Simple Sentence (ရိုးရိုး ဝါကျ)
2. Compound Sentence (စုပေါင်း ဝါကျ)
3. Complex Sentence (ရောယှက် ဝါကျ)

1. Simple Sentence (ရိုးရိုး ဝါကျ)

Simple Sentence က တော့ ရှင်းပါတယ်။ ကန့်သတ် ကြိယာ တစ်လုံး နဲ့ ကတ္တား တစ်ခု (ယောက်) သာပါ ရပါမယ်။အဲဒါ ကို Simple Sentence (ရိုးရိုး ဝါကျ) လို့ သတ်မှတ်ထားပါတယ်။ အောက် ပါ ဝါကျတွေ ကို လေ့လာ ကြည့်ပါ။

1. The rain came down with a vengeance.
မိုး က အငြိုးနဲ. ရွာချတယ်။
2. They called off the meeting.
သူတို. အစည်းအဝေးပွဲ ကို ဖျက်သိမ်းခဲ့တယ်။
3. I have just arrived.
ကျွန်တော် အခုလေးတင် ရောက်တာပါ။

အထက်ပါ ဝါကျ မှာ Predicate ကိုဆောင်ရွက်တာ ကို ဖော်ပြတဲ့ အနီရောင် နဲ့ ရေးထားတဲ့စာလုံးတွေက ကတ္တား တွေဖြစ်တယ်။ အပြာရောင်စာလုံး တွေကတော့ ကြိယာ တွေဖြစ်တယ် ဆို တာ စာဖတ်သူများ သိမှာပါ။ အဲဒီတော့ Simple Sentence ဆို တာ ကတ္တား တစ်ခု နဲ့ ကြိယာ တစ်ခု သာပါ ရမယ် ဆိုတာ ကို စာဖတ်သူများ သတိထားမိ ပါလိမ့်မယ်။

2. Compound Sentence (စုပေါင်း ဝါကျ)

Compound Sentence က တော့ Coordinate Clause တွေ နှစ်ခု (သို့) နှစ်ခု ထက်ပိုတဲ့ Clause တွေ ပေါင်းစပ်ထားတာပါ။ Coordinate Clause ဆို တာကတော့ Independent Clause လို့ လဲခေါ် ပါတယ်။

အောက်ပါဝါကျကို လေ့လာကြည့်ပါ။
She tried hard, but she failed the exam.
ဝါကျ တွင် finite verbs ဖြစ်တဲ့ (tried, failed) နှစ်လုံး ရှိပါတယ်။ Verb ကတစ်ခု ထက်ပိုနေတော့ ရိုးရိုးဝါကျ မပာုတ်ပါဘူး။ ဝါကျ နှစ်ကြောင်း ကို Conjunction ဖြစ်တဲ့ but နဲ့ ဆက်ထားတာပါ။ ဝါကျ ကို ခွဲထုတ် လိုက်မယ်ဆို ရင်

She tried hard. She failed the exam. ဆိုပြီးရမှာပါ။

Compound Sentence ဖြစ် ရတဲ့ အကြောင်းရင်း သည် Coordinate Conjunction ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Coordinate Conjunction တွေကို အလွတ်ကျက်မှတ်ထားစေ ချင်ပါတယ်။
Coordinate Conjunction တွေကို အုပ်စု (၅) ခု ခွဲ ပြီးမှတ် ထားသင့်ပါတယ်။
အတိုကောက်(Acronym) နေနဲ့ C A C A I လို့မှတ်ပါမယ်။

1. C = Cumulative Conjunction (စုစည်း ပေးသော စကားဆက်)
2. A = Alternative Conjunction (ရွေးချယ်ခွင့် ရှိသော စကားဆက်)
3. C = Two or more Conjunction (နှစ်ခု သို့မပာုတ် နှစ်ခုထက်ပို သော စကားဆက်)
4. A = Adversative Conjunction (ဆန့်ကျင်သော စကားဆက်)
5. I = Illative Conjunction (အကျိုးအကြာင်း ဆင်ခြင်မှုပြသော စကားဆက်)
တွေပဲ ဖြစ်တယ်။

1. Cumulative Conjunctions (စုစည်းပေးသော စကားဆက်)

and, both….and, and…also, as well as , not only…but, not only…but also, together with …စသည် တို့ဖြစ်တယ်။ ( Acronym အနေနဲ. together with banana လို.မှတ်ရင် ပို လွယ်ပါလိမ့်မယ်။)
ဒီ Conjunction တွေ အားလုံး က စုစည်း မှုကိုပြတဲ့ အဓိပ္ပါယ်ရှိ ကြတာ အားလုံးလဲ သိပြီးသားပါ။ ဝါကျတွင်ထည့် သွင်း အသုံးပြုပုံ ကို နောက် သင်ခန်းစာတွင် ထပ်မံဖတ်ရှုပါ။ ဒီအပါတ် အတွက်တော့ Compound Sentence ဖြစ်စေတဲ့ Coordinate Conjunctions တွေကိုတာ List လုပ်ပေးသွားပါမယ်။

2. A = Alternative Conjunction (ရွေးချယ်ခွင့် ရှိသော စကားဆက်)

or, nor, either…or, neither…nor, else, otherwise, rather…than စသည်တို့ဖြစ်တယ်။ အကြောင်းအရာတွေ ကို ရွေးချယ်ခွင့်ရှိစေတဲ့ သဘောတွေ သက်ရောက်ကြပါတယ်။ ( ei,nei,or,nor, o.r ,e လို.မှတ်ပေးပါ။)

3. C = Two or more Conjunction ( နှစ်ခု သို့မပာုတ် နှစ်ခု ထက်ပို တဲ့ စကားဆက်)

ဒါကတော့ Sentence တစ်ကြောင်းမှာ Coordinate Conjunctions တွေကို နှစ်ခု သို့ နှစ်ခုထက် ပို သုံးထားတဲ့ Sentence ကို ဆိုလိုတာပါ။ အောက်ပါ ဝါကျကို လေ့လာကြည့်ပါ။

1. He was industrious and intelligent, but he failed the exam.
သူဝီလိရ ရှိပြီး ဉာဏ်ကောင်း ခဲ့တယ် ဒါပေမယ့် သူစာမေးပွဲ ကျခဲ့တယ်။

Sentence မှာ and (Cumulative Conj) နဲ့ but (Adversative Conj) အသုံး ပြုထားပါတယ်။ အဲဒါကြောင့် ဒီ Sentence ပာာ Compound Sentence ဖြစ်တယ်။ ဒီနေရာမှာ ထည့်သွင်းပြောချင်တာ တစ်ခုရှိပါတယ်။ ဝါကျအမျိုးအစားကွဲ ရခြင်းပာာ ဆက်သွယ်အသုံးပြုမယ့် Conjunctions ပေါ်မူတည်ပါသေးတယ်။ ဥပမာ အနေနဲ့ Compound Complex ဝါကျတစ်ကြောင်း ဖြစ်စေတဲ့ ဝါကျကို လေ့လာကြည့်ပါ။

2. The lightening flashed and the rain fell as he entered the house.
သူအိမ်ထဲ ကို ဝင်သွားသောအခါ လျှပ်စီးလက်ပြီး မိုးရွာ ချခဲ့သည်။
( ဒီနေရာ မှာ as သည် While နဲ့ When ရဲ့ အဓိပ္ပါယ် ကို ရည်ညွန်းပါတယ်။ for (Coordinate Conj) တို့ because (Subordinate Conj) တို. ရဲ့ အဓိပ္ပါယ် ကို ယူထားခြင်းမပာုတ်။)

ဒီ ဝါကျတွေမှာပါတဲ့ အပြာရောင်စာလုံးတွေ ပာာ Independent clauses (Coordinate clauses)
တွေဖြစ်ပြီး Coordinate Conj ဖြစ်တဲ့ အနီရောင်စာလုံး and နဲ့ဆက်ထားတော့ Compound Sentence ဖြစ်ပါတယ်။ အနောက်ကနေ as (Subordinate Conj) ကြောင့် as he entered the house က Complex Sentence ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဝါကျကို Compound Complex Sentence လို.ခေါ်ပါတယ်။ (Subordinate Conjunctions အကြောင်းကို နောက်သင်ခန်းစာတွင် ထပ်မံဖတ်ရူပါ။)

4. A = Adversative Conjunction (ဆန်.ကျင်မှုကို ပြသော စကားဆက်)

Adversative Conjunctions တွေကတော့ ဆန်.ကျင်မှုအဆို တွေကို ဆက်သွယ်ပေးပါတယ်။ ဆန်.ကျင်မှု အဓိပ္ပါယ်ကို ပြတဲ့ Conjunctions တွေကတော့
despite, but, still, yet, only, whereas, nevertheless, however … စသည်တို.တွေပဲဖြစ်တယ်။

5. I = Illative Conjunction (အကျိုးအကြာင်း ဆင်ခြင်မှုပြသော စကားဆက်)

အကျိုးအကြာင်း ကို ဆင်ခြင်မှုအနေ နဲ. ဆက်သွယ်ပေးတဲ့ စကားဆက်တွေပဲဖြစ်ပါတယ်။ ဖော်ပြပါ
စကားဆက်တွေက်ု ကျက်မှတ်ထား ပေးပါ။
therefore, for, so, then, thus … တို.ဖြစ်ပါတယ်။

အုပ်စုအလိုက် ပါရှိတဲ့ စကားဆက်တွေကို ဝါကျတစ်ခုချင်းစီ တွင် ထည့်သွင်းအသုံးပြုပုံ နှင့် Complex Sentence အခန်းတွေကို နောက်လာမယ့် သင်ခန်းစာတွင် ဆက်လက် ဆွေးနွေးပါမယ်။ ဒီ အပတ် အတွက် အချုပ်ဆိုရသော် Simple Sentence သည် ကန်.သတ်ထားသော Subject တစ်ခု နှင့် ကန်.သတ် ကြိယာ တစ်ခုသာ ပါရပါမယ်။ Compound sentence နှင့် Complex Sentence သည် Coordinate Conjunctions နှင့် Subordinate Conjunctions ကြောင့်သာဖြစ်တယ်။ ဒီနေရာ မှာ တစ်ခုပြောချင်တာ က Correlative Conjunctions ပါ။ သူ ကတော့ အတွဲလိုက် အသုံးပြုရတဲ့ မည်သည့် Conjunctions ကိုမဆို ဆိုလိုတာပါ။ ဥပမာ နေနဲ့ both..and.. (Coordinate Conj) နဲ. So…that (Subordinate Conj) တို့ဖြစ်ပါတယ်။ ပေးထားတဲ့ Coordinate Conjunctions တွေကို သေသေချာချာ ကျက်မှတ်ထားစေချင်ပါတယ်။ နောက်လာ မယ့် သင်ခန်းစာ မှာ Subordinate Conjunctions များနဲ.ရောထွေးနိုင်တာကြောင့်ပါ။ အထက်မှာ ဖော်ပြထားတဲ့ အဓိပ္ပါယ် ချင်းတူ ကြတဲ့ for နဲ. because ပာာ Conjunction အမျိုးအစားမတူ တာ ကြောင့် Compound နဲ. Complex ကွဲသွားပါတယ်။ ယခု အပတ် အတွက် စာဖတ်သူများ အနည်းငယ်မျှ အကျိုး ရှိမယ်ဆိုရင် စာရေးသူ ကြိုးစားရ ကျိုးနပ်ပါတယ်။ စာဖတ်သူများ ဆွေးနွေးတိုင်ပင်စရာ၊ အကြံပြုစရာ များ ရှိခဲ့လျှင် ဆွေးနွေးအကြံပြု ပေးပါ။

Could ဆိုတဲ့ စာလုံး သည် အတိတ်ကာလ တစ်ခုထဲကိုသာ အသုံးပြုနိုင်သည်မပာုတ်........

¬¬¬¬¬ဒီအပါတ် အတွက်တော့ စာဖတ်သူများ ရင်းနှီးပြီးသားဖြစ်တဲ့Auxiliary Verb တစ်မျိုးဖြစ်တဲ့ Could အကြောင်း ဆွေးနွေးချင်ပါတယ်။ Could သည် Can ရဲ့ Past Tense ဖြစ်တယ် ဆိုပေမယ်. Usage ကို ဃဂဏန သဘောပေါက် မိစေရန် အတွက် ဆွေးနွေးသွား ပါမယ်။

“I could tell something was up by the look on their faces.”
သူတို့ မျက်နှာတွေ ကြည့်ခြင်း အား ဖြင့် တစ်ခုခု တော့ ဖြစ်နေပြီဆို တာ ငါပြောနိုင်တယ်။
ဆိုတဲ့ sentence ကို လေ့လာကြည့် ရင့် could ကို Past Tense အနေ နဲ့ စကားပြောသူ က အဓိပ္ပါယ် သက်ရောက် စေချင်သာ မပာုတ်ဘူးဆိုတာ စာဖတ်သူများ သိပြီး သားလဲ ဖြစ်မှာပါ။ အဲဒီ sentence မှာ ပါတဲ့ could သည် could ကို အသုံးပြု နိုင်တဲ့ (၅) မျိုး ထဲ မှ Possibility state ကို ပြောလိုခြင်းဖြစ်တယ်။

Could အသုံးပြု နို်င် တဲ့ (၅) မျိုး က တော. A M O E E ဆိုပြီး အတိုကောက်မှတ်ပါမယ်။

A = Asking for permission
M = Making polite requests
O = Offering suggestion or advice
E = Expressing possibility
E = Expressing conditional possibility or ability

A = Asking for permission (ခွင့်ပြုချက်/သဘောတူညီချက် တောင်းခံခြင်း)

Could I borrow your pen, please? ဆိုတဲ့ sentence ရဲ့ အဓိပ္ပါယ် က Past Tense မပာုတ်တာ ကို သဘောပေါက်မှာပါ။ ခွင့်ပြုချက်တောင်း ခံ တဲ့ နေရာမှာ Could ကို သုံးပါတယ်။

M = Making polite requests (ယဉ်ကျေးသော၊စာနာတတ်သော မေတ္တာ ရပ်ခံခြင်း)

Could you open the door for me, please? ကို လေ့လာကြည်.ပါ။ မေတ္တာရပ်ခံ တဲ့ သဘော ကို ပိုမိုလေးနက်စေခြင်း ဖြစ်ပါတယ်။

O = Offering suggestion or advice ( အကြံပြုချက်/အဆိုပြုချက် ကမ်းလှမ်းခြင်း)

A. What restaurant do you have in mind for tomorrow lunch?
B. We could go to Rozano for the continental food.
စကားပြော မှာ ပြောသူ B က Rozano Restaurant ကို အကြံပြု တဲ့ သဘောနေ နဲ့ Could ကို သုံး ခြင်း ဖြစ်တယ်။


E = Expressing possibility (ဖြစ်နိုင်ချေ ကို ဖော်ပြခြင်း)

I wonder who that could be at the door.
That couldn’t be true.
Sentences ကို လဲ ကြည်.မယ်ဆို ရင် ဖြစ်နိုင်ချေ သဘော ကို ဆောင်သာ သဘောပေါက် မယ် ထင်ပါတယ်။ Hannah Montana ရဲ့ He could be the one ဆို တဲ့ သီချင်း မှာ လဲ Possibility ရဲ့ သဘောပါ။ သီချင်း ကောင်း လေး တစ်ပုဒ် ပါပဲ။ နားထောင် ကြည့်ပါ could ကို ဘာ သဘော နဲ့ သုံး တယ်ဆို တာ စာဖတ်သူ များ သတိထားမိ ပါလိမ့်မယ်။

E = Expressing conditional possibility or ability (ခြွင်းချက် သဘောဆောင်သော ဖြစ်နိုင်ချေရှိခြင်း/ စွမ်းရည် ကို ဖော်ပြခြင်း)

Conditional possibility က Possibility နဲ့မတူ ပါဘူး။ (If/unless) clause က conditional clause ဆိုတာ စာဖတ်သူ များ သိပြီး သား ဖြစ်မှာ ပါ။ ဥပမာ အနေ နဲ့

You could do it if you tried.
မင်း ကြိုးစား ခဲ့ ရင် လုပ်နိုင် ခဲ့မှာ ပဲ… ဆို တဲ့ Sentence မှာ Conditional Sentence ထဲ က Conditional 2 ပါ။
¬¬¬Conditional Sentence က (၃) မျိုး ရှိပါ တယ်။
1. If …(Present tense).., …. Will+v (တကယ်ဖြစ်နိုင်)
2. If … (Past tense)…, … Would+v (မဖြစ်နိုင်၊ ပစ္စုပ္ပုန်)
3. If … (Past Perfect tense)…, … would+have+v…. (မဖြစ်နိုင်၊ အတိတ်)
Conditional sentences အကျယ်ကို တော. နောက်လာ မယ်. သင်ခန်းစာ တွေမှာ ထပ် ဆွေးနွေး ပါမယ်။

ယခု အပါတ် အတွက် Could ကို စာဖတ်သူများ နေနဲ့ Past Tense သဘော နေနဲ့သာ အသုံး ပြုတာ မပာုတ်ကြောင်း ပစ္စုပ္ပုန် ကာလ ကို ပြတဲ့ အသုံး များ ကိုလဲ သဘောပေါက် နားလည်စေ ရန် ရည်ရွယ်မိ ပါတယ်။ အစ ကတော. အခြေခံ ကစပြီး ဆွေးနွေး မယ် ဆိုပေမယ်. စာဖတ်သူများ ငြီးငွေ. သွားမှာ ကို စိုးရိမ်မိ သောကြောင်. Usage ကို ကြားဖြတ် ဆွေးနွေ်းလိုက် ရပါတယ်။


¬¬¬¬