Saturday, October 2, 2010

အချိန်ကာလ (Tense) - ၁၂ မျိုးထဲမှ Simple Present Tense အသုံးပြုပုံကိုလေ့လာခြင်း

စာရေးသူ အနေနဲ. အင်္ဂလိပ်စာကဏ္ဍ တွင် စာရေးသားလာသည်မှာ ယခုဆိုလျှင် အပိုင်း (၆) ပိုင်း အထိ ရှိသွားပါပြီ။ စာဖတ်သူများ အနေ နှင့် အတိုင်း အတာ တစ်ခုထိ အကျိုးရှိကြလိမ့်မယ်လို.လဲ မျှော်လင့်ပါတယ်။ ယခု အပတ်အတွက် စာရေးသူ စဉ်းစားမိသည့် အကြောင်းအရာမှာ စာဖတ်သူ၊ အင်္ဂလိပ်စာလေ့လာနေသူ များ Skills အားလုံး အတွက် အကျိုး ရှိစေမယ့် အချိန်ကာလ (Tense) ကို အသုံးပြုပုံ ကို ကဂနဏ သိရှိနားလည်စေရန်၊ အကျယ်တဝင့် ဆွေးနွေး သွားရန် ရည်ရွယ်ပါတယ်။ Tenses ၁၂ မျိုး ရှိသည့် အထဲမှ Simple Present Tense ၏ အသုံးပြုနိုင် ပုံ အမျိုးမျိုး နှင့် သက်ဆိုင် အသုံးအနှုန်းများကို ထည့်သွင်းဖော်ပြထားပါတယ်။

Simple Present Tense သည် အောက်ဖော်ပြပါ အခြေအနေ (၄) မျိုး အတွက်အသုံးပြုနိုင်ပါသည်။

1. To express a present action:
2. To express a habitual action:
3. To express general truths or facts:
4. To show previously-scheduled actions:


1. To express a present action (မျက်မှောက် ကာလ ပြုလုပ်ချက်ကို သာမန် ဖော်ပြခြင်း)

e.g. 1. I know that girl. She is my friend’s roommate.
ငါ အဲဒီကောင်မလေးကို သိတယ်။ သူ က ငါ့ သူငယ်ချင်း ရဲ့ အခန်းဖော်လေ။

2. Try hard to fulfill your wish.
မင်း ဆုတောင်း ပြည့်ဖို. ကြိုးစားပါ။

3. Stand up, all the students. Read out what you see on the board.
ကျောင်းသားအားလုံး မတ်တပ်ထပါ။ Board ပေါ်တွင် မင်းတို. မြင် တဲ့ အရာတွေကို ဖတ်ပါ။

2. To express a habitual action – it’s typical, usual, and predictable (အလေ.အထဖြစ်နေသော ပြုလုပ်ချက်များကို ဖော်ပြခြင်း - ပုံစံပေါက်သော၊ ထုံးစံဖြစ်သော၊ ကြိုတင်ပောာကိန်းထုတ်နိုင်သော)

e.g 1. Gary is very punctual.
Gary သည် အချိန်မှန်သူဖြစ်သည်။

2. This book is interesting to read.
ဒီစာအုပ်က ဖတ်ချင်လောက်အောင် စိတ်ဝင်စားဖို.ကောင်းတယ်။

3. He smokes.
သူ ဆေးလိပ်သောက်တယ်။

4. They eat in the company cafeteria.
သူတို.တွေ က ကုမ္ပဏီထဲမှာရှိတဲ့ စားသောက်ဆိုင်မှာပဲစားတယ်။

Simple Present Tense ကို အလေ.အထအဖြစ် အသုံးပြုဖော်ပြရာတွင် Adverb of Frequency များကိုထည့်သွင်း အသုံးပြုရတတ်သောကြောင့် အောက်ဖော်ပြပါ ကြိယာဝိသေသန များကို ကျက်မှတ်ထားပါ။

Always = အစဉ်အမြဲ
Usually = လုပ်ရိုးလုပ်စဉ်
Generally = ယေဘုယျအားဖြင့်
Often = Frequently = မကြာခဏ
Sometimes = Occasionally = တစ်ခါတစ်ရံ
Hardly = Rarely = Seldom = ကြာမှတစ်ခါ
Daily = every day = နေ.စဉ်
Weekly = အပတ်စဉ်
Once a month = တစ်လတစ်ခါ
Twice a year = တစ်နှစ် နှစ်ကြိမ်
Every other day = Each alternate day = တစ်ရက်ခြား

စာဖတ်သူများ သိပြီးသား ၊ကျက်မှတ်ရန်လွယ်ကူသည့် ကြိယာဝိသေသန များဖြစ်သော်လည်း အသုံးပြုပုံကို ဆွေးနွေးလိုသောကြောင့် ထည့်သွင်းဖော်ပြထားပါသည်။

e.g. 1. Annie is never on time.
Annie သည် ဘယ်တော့မှ အချိန်မမှန်ပါ။

2. Bob’s parents are generally at home by 5:30 PM.
Bob ၏ မိဘများ သည် များသောအားဖြင့် ညနေ ငါးနာရီခွဲမှအိမ်မှာရှိသည်။

3.Dr. Jones is in her office from 9:00 AM until 4:00 pm five days a week.
ဒေါက်တာ Jones သည် သူမ၏ ရုံးခန်းတွင် မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ တစ်ပတ်လျှင် ငါးရက် ရှိသည်။

4. Ahmed seldom gets up before 9:00 AM.
Ahmed သည် မနက်တွင် ၉နာရီ မတိုင် ခင် အိပ်ရာနိုး ခဲသည်။

5. He frequently calls on his cousins in Pusan.
သူသည် Pusan မြို.ရှိ ဝမ်းကွဲမောင်နှမများသို.မကြာခဏ သွားရောက်လည်ပတ်သည်။

6. They take a break every three hours.
သူတို.သည် သုံးနာရီကြာတိုင်း တစ်ခါနားသည်။

အထက်ပါဝါကျများတွင် သတိပြုရန်မှာ Adverbs of frequency များ သည်

(i) Verb to be ၏ အနောက်တွင် ထားလေ.ရှိပြီး
(ii) အခြားသော ကြိယာများ၏ အရှေ.တွင် ထားရသည်ကို မှတ်ထားပါ
(iii) သို.သော် Adverbs of frequency များ သည် phrase ( more than one word) စကားစု ( စကားလုံး တစ်လုံးထက်ပိုခြင်း) များဖြစ်ပါက ဝါကျ၏ အဆုံးတွင်သာ ထားရသည်ကို သတိပြုမိပေလိမ့်မည်။

3. To express general truths and facts (ယေဘုယျဖြစ်သော အမှန်တရားများ နှင့် အချက်အလက်များ ကို ဖော်ပြခြင်း)

1. A nickel equals five cents.
နီကယ်ဒြပ်စင် တစ်ပြားသည် ငါးဆင့်ပြားဝိုင်းတစ်ပြားနှင့် ညီမျှသည်။

2. The bodies of insects have three parts.
အင်းဆက်ပိုးများ၏ ကိုယ်ထည်များသည် အပိုင်းသုံးပိုင်းရှိသည်။

3. Bronze contains both copper and tin.
ကြေးညိုတွင် ကြေးနီ နှင့် သံဖြူဒြပ်စင် တို.ပါဝင်သည်။

4.The chemical symbol for iron is Fe.
သံ၏ ဓာတုဗေဒ သင်္ကေတမှာ Fe ဖြစ်သည်။

5. The earth rotates around the sun.
ကမ္ဘာသည် နေကို ပတ်ပြီ လှည့်လည်သွားသည်။

6. The cow gives us milk.
နွားသည် ကျွန်ုပ်တို.အား နွားနို.ကိုပေးသည်။

4. To show previously-scheduled actions (အရင် တစ်ချိန်က စီစဉ်ချမှတ်ထားသည့် လုပ်ဆောင်ချက် ကိုပြရန်)

1. Jose leaves at 9:30 tomorrow morning.
Jose သည် မနက်ဖြန် မနက် ၉း၃၀ တွင် ထွက်ခွါမည်။ (ကြိုတင်စီစဉ်ထားသည်)
2. Andrea can’t go with us next Tuesday. She has a meeting then.
Andrea သည် လာမည့် အင်္ဂါနေ.တွင် ကျွန်တော်တို.နှင့် မလိုက်နိုင်ပါ။ သူမသည် အဲဒီနေ.မှာ အစည်းအဝေး ရှိသည်။
3. Hurry up! The meeting beings in five minutes!
မြန်မြန်လုပ်! အစည်းအဝေး က ငါးမိနစ် ပြည့်လျှင် စမည်။

အထက်ပါ ဝါကျကို လေ.လာကြည့်လျှင် အနာဂတ်အဓိပ္ပါယ်ကို ရည်ညွန်းသည့် အကြောင်းအရာများပါ သော်လည်း ကြိုတင်စီစဉ်ရေးဆွဲထားသည့် လုပ်ဆောင်ချက်များဖြစ်သော ကြောင့် Simple Present Tense ကို အသုံးပြုနိုင်ပါသည်။
ယခုအပတ်တွင်ဖောပြထားသည့် Simple Present Tense အသုံးပြုနိုင်သည့် အခြေအနေ (၄) မျိုး နှင့် Adverb of frequency များ ၏အထားအသိုကို သေသေချာချာ မှတ်သားထားစေချင်ပါသည်။ ထပ်မံဆွေးနွေးမည့် ကျန်ရှိနေသေးသည့် အချိန်ကာလများကို နောက်လာမည့် ဆောင်းပါးတွင် ထပ်မံဖော်ပြပါမည်။ စာဖတ်သူများ အကျိုးဖြစ်ထွန်းပါစေ။

2 comments:

  1. ဆရာကိုတစ်ခုလောက်အကြံပြုချင်းပါတယ်
    ငါ ဆိုတယ်အသုံးအနှုန်းထက်စာရင် ကျွှန်တော် လို့သုံးရင်ပိုကောင်းသွားမလား
    မင်း ထက်စာရင် တပည့်တို့ လို့သုံးရင်ပိုကောင်းမယ်ထင်တယ်

    မှားသာရှိရင် ခွင့်လွတ်ပါ
    အပြုသဘောနဲ့ ဝေဖန်ကြည့်သာပါ

    လေးစားပါတယ်

    ReplyDelete
  2. အခုလို အကြံဥာဏ် ပေးတာကို ကျေးဇူးတင်ပါတယ် ။ အလုပ်တွေ အရမ်း များတော့ စာတွေသိပ်မရေးဖြစ်ခဲ့ဘူး။ ကြိုးစားပြီး ဆက်လက် ရေးသားသွားပါဦးမယ်။

    ReplyDelete