Thursday, August 12, 2010

IELTS - Reading ကိုပြင်ဆင်ခြင်း

Reading ကိုဖြေဆိုရာတွင် IELTS ကို လေ့လာနေသူများ၊ ဖြေဆိုမည့် ကျောင်းသားများ ကြိုတင်ပြင်ဆင်သင့် သည့် အကြောင်းအရာများကို ဆွေးနွေးသွားဖို. ရည်ရွယ်ပါသည်။ Reading Module သည် ဖြေဆိုချိန် မိနစ် (၆၀)ကြာမည် ဖြစ်သည်။ မေးခွန်းစာရွက်ပေါ်တွင် ဖြေဆိုသူမှာ ရေးမှတ်နိုင်သော်လည်း အခန်းအပြင်သို. ယူဆောင်သွားခွင့်မရှိပါ(စာမေးပွဲဖြေဆိုပြီးသော်လည်း)။ ဖြေဆိုသူမှာ Answers များကို Answer Sheet ပေါ်သို. ရေးသားရပါမည်။ Listening ကဏ္ဏ နှင့် မတူ သည်မှာ ဖြေဆိုသူမှာ Answers များကို Answer Sheet ပေါ်သို. လွဲပြောင်းချိန် 10 mins ပေးမည်မပာုတ်ပါ။ စာပိုဒ်ကြီး (၃)ပိုဒ် ကိုဖတ်ရန်၊ မေးခွန်းကို ဖြေဆိုရန် နှင့် အဖြေရေးရန် အတွက် မိနစ် (၆၀) ပေးထားပါသည်။
Reading ကဏ္ဏ တွင် မေးလေ့ရှိသော မေးခွန်းများကို ဖြေဆိုမည့်သူများ အနေနဲ့ ရင်းနှီးကျွမ်းဝင်နေဖို.အရေးကြီးပါသည်။ များသောအားဖြင့် မေးလေ့ရှိသောမေးခွန်းများမှာ (၁၁)မျိုးရှိပါသည်။
1. Multiple-choice questions
2. Short-answer questions
3. Completing sentences
4. Completing notes, summary, tables, flowcharts
5. labeling diagrams
6. Choosing headings of paragraphs or sections of a text
7. Locating information
8. Identifying points of view
9. Identifying writer's claims
10. Classifying information
11. Matching lists or phrases
တို.ဖြစ်ပါသည်။

IELTS စားမေးပွဲမဖြေမှီ ပြုလုပ်လေ့ကျင့်သင့်သည်များ
1. Read as much as you can
(သင် ဖတ်နိုင်သလောက်များများ ဖတ်ပါး)
2. Keep a notebook of the words you learn
(လေ့လာဖတ်ရှုမိသည့် စကားလုံးများကို မှတ်စုစာအုပ် အဖြစ် သိမ်းပါ။)
3. Try to write these words into a sentence and put these sentences into a paragraph
(ထိုစကားလုံးများကို ဝါကျတွင် ပြန်လည်တည်ဆောက်ပြီး ယင်းဝါကျများကို စာပိုဒ်တွင် ထည့်သွင်း တတ်အောင် ကြိုးစားပါ။)
4. Learn words from context - not from a word list
(စာပိုဒ်များတွင်ပါဝင်သည့် စကားလုံးများကို လေ့လာမှတ်သားပါ- စကားလုံး စာရင်းအုပ်စုမှ မလေ့လာပါနှင့်)
5. Know the types of questions found on the IELTS test
(IELTS မေးခွန်းတွင် မေးသော မေးခွန်းပုံစံများကို သိအောင်လုပ်ပါ။)
6. Know the type of information sought on the IELTS test
(IELTS မေခွန်းတွင် တွေ.ရမယ့် သတင်းအချက်အလက်ပုံစံများကို သိအောင်လုပ်ပါ။)
7. Know how to make predictions
(မှန်းဆချက်များကို ဘယ်လိုချရမည်ကို သိအောင်လုပ်ပါ။)
8. Know how to skim and scan, to look quickly for information
(သတင်းအချက်အလက်များကို ရှာဖွေတတ်ရန် အပေါ်ယံယှက်၍ ကြည့်ရှုတတ်အောင်လုပ်ပါ။)

တို.ဖြစ်ပါသည်။
(ဆက်လက်ရေးသားပါမည်။)

No comments:

Post a Comment