Monday, July 12, 2010

Complex Sentence အကြောင်းကိုလေ့လာကြည့်ရအောင်

စာရေးသူနေနဲ. ပထမပိုင်းမှာ Simple Sentence နဲ. Compound Sentence အကြောင်းကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ်အတွက်တော့ Complex Sentence အကြောင်းကို ဆွေးနွေး ချင်ပါတယ်။ Complex Sentence ဝါကျကို ရောယှက်ဝါကျလို.ခေါ်ပါတယ်။ Complex Sentence တစ်ကြောင်း သည် Main Clause (ပင်မဝါကျ) နှင့် Dependent Clause (or) Subordinate Clause (မှီခိုဝါကျ (ဝါ) လက်အောက်ခံဝါကျ) တို. ပေါင်းစပ်ခြင်းကြောင့်ဖြစ်တယ်။ အောက်ပါဝါကျကို လေ့လာကြည့်ပါ။

e.g. A. He achieved what he့ had expected.
သူမျှော်လင့်ထားခဲ့တဲ့ အရာကို သူရရှိအောင်မြင်ခဲ့တယ်။
B. He is the one whom the police suspected of murder.
သူ က လူသတ်မှုအတွက် ရဲတွေက သံသယရှိခဲ့တဲ့လူဖြစ်တယ်။
C. The students can go out after they have finished their homework.
ကျောင်းသားများ အိမ်စာလုပ်ပြီးရင် အပြင်ထွက်နိုင်တယ်။

ဥပမာဝါကျ A. ကိုကြည့်မယ်ဆိုရင်.. He achieved - (သူရရှိအောင်မြင်ခဲ့သည်) ဆိုတဲ့ဝါကျ က အဓိပ္ပါယ်ပြည့်စုံပြီး သီးခြားရပ်တည်နိုင်လို. Main Clause (or) Principle Clause(ပင်မ ဝါကျ) လို.ခေါ်ပါတယ်။ ဒါပေမယ့် what he had expected - ( သူမျှော်လင့်ထားခဲ့တဲ့ အရာ) ဆိုတဲ့ စကားစု က ဝါကျ အနေနဲ့ သီးခြားရပ်တည်လို. မရတဲ့ အတွက် မှီခိုဝါကျ ဖြစ်ပါတယ်။ မှီခိုဝါကျ (Subordinate Clause) ကြောင့် တာ Complex Sentence ဖြစ်ရခြင်းဖြစ်တယ်။ Subordinate Clause တွေကတော့

1. Noun Clauses
2. Adjective Clauses
3. Adverb Clauses
ဖြစ်ပါတယ်။

1. Noun Clause
Noun Clause တွေပာာ Sentence တစ်ကြောင်းမှာ Subject Pattern အနေနဲ့ရော Object Pattern အနေနဲ့ပါ ရပ်တည် နိုင်ပါတယ်။

အထက်ဖော်ပြပါ ဥပမာထဲ က A ဝါကျကို ကြည့်မယ်ဆိုရင်
1. He achieved what he had expected
achieved ဆိုတဲ့ ကြိယာ (Verb) ရဲ့ သက်ရောက်မှုကို ခံရတဲ့ ကံပုံစံ (Object Pattern) က what he had expected ဆိုတဲ့ Noun Clause ဖြစ်နေပါတယ်။ နောက်ထပ်ဝါကျတစ်ကြောင်းကို ထပ်ကြည့်မယ်ဆိုရင်


2. What she wants to be in life always makes her motivated
ဘဝမှာ သူ(မ)ဖြစ်ချင်တဲ့ အရာ က သူ.ကို တွန်းအားပေးစေတယ်။

ဝါကျမှာ ပါတဲ့ makes ဆိုတဲ့ ကြိယာကိုဖြစ်စေတဲ့ ကတ္တားပုံစံ (Subject Pattern) က What she wants to be in life ဆိုတာဖြစ်လို. Noun Clause ဖြစ်တယ်။
Noun Clause ကိုဖြစ်စေနိုင်တဲ့ Subject Pattern နဲ့ Object Pattern အပြင် တစ်ခြားအကြောင်း အရင်းတွေက တော့ Subject Complement, Object of a preposition နဲ့ Adjective Complement တို့ဖြစ်ပါတယ်။ တစ်ခုချင်း အသေးစိတ် အကြောင်းအရာကိုတော့ နောက်သင်ခန်းစာ၏ သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ ထပ်ပြီးဖတ်ရှုပါ။


2. Adjective Clause
Adjective Clause ကို Relative Clause လို.လဲ ခေါ်ပါတယ်။ Adjective ဆိုတဲ့သဘော က Noun ကို အထူးပြုပေးတယ်ဆိုတာ စာဖတ်သူများသိပြီးဖြစ်မှာပါ။ Relative Pronouns ဖြစ်တဲ့ (Who, Whom, That, Why, Which, Whose, When, Where, How) တို.နဲ့ တည်ဆောက်ထားတဲ့ Subordinate Clauses တွေကြောင့် Adjective Clause ဖြစ်ရတာပါ။ အောက်ပါ ဥပမာ များကို လေ့လာကြည့်ပါ။

1. I know a person who/that can help you.
မင်းကို ကူညီနိုင်မယ့်လူတစ်ယောက်ကို ငါသိတယ်။

2. I know a person whom/that you can help.
မင်းကူညီနိုင်မယ့်လူတစ်ယောက်ကို ငါသိတယ်။

3. I know a person whose advice I can trust.
မင်းယုံကြည်နိုင်မယ့် အကြံဉာဏ် မျိုးရှိတဲ့ လူကို ငါသိတယ်။

4. I know a person to whom I can refer you.
မင်းကို ရည်ညွန်းနိုင်မယ့် လူတစ်ယောက်ကို ငါသိတယ်။

5. I know a person whom I can refer you to.
မင်းကို ရည်ညွန်းနိုင်မယ့် လူတစ်ယောက်ကို ငါသိတယ်။ (Preposition “to” ကို Relative Pronoun နှင့် တွဲပြီး ရေးနိုင်သလို ခွဲပြီး လဲရေးနိုင်သည်ကို သတိပြုပါ။ အဓိပ္ပါယ်တော့ အတူတူဖြစ်ပါတယ်။)

6. I can’t afford a car which/that I really want.
ငါတကယ့်ကို လိုချင်တဲ့ ကား ကို (ဝယ်ဖို့) မတတ်နိုင်ဘူး။

7. I do not know the time when they are leaving for Myanmar.
သူတို. မြန်မာပြည်ကို ထွက်ခွါမယ့် အချိန်ကို ငါမသိဘူး။

8. Can you tell me the reason why you look so down?
မင်းစိတ်ဓါတ်ကျနေရတဲ့ အကြောင်းရင်းကို ငါ့ကိုပြောနိုင်မလား။

9. Please show me the method how you make cakes.
မင်း ကိတ်မုန်.ကို ဘယ်လိုလုပ်တယ်ဆိုတဲ့ နည်းလမ်းကို ကျေးဇူးပြုပြီးပြပေးပါ။

အထက်ဖော်ပြပါ ဝါကျတွေထဲမှာ Relative Pronouns တွေနဲ့စထားတဲ့ Adjective Clause (အပြာရောင်) တွေက အရှေ့ မှာရှိတဲ့ Noun ကို အထူးပြုကြပါတယ်။ Adjective Clause ပာာ Complex Sentence ဖြစ်စေတာ ကြောင့် အထက်ပါ ဝါကျတွေအားလုံး ပာာ Complex Sentences တွေဖြစ်ပါတယ်။

3. Adverbs Clause

အရှေ့ဆောင်းပါးမှာ Compound Sentence ဖြစ်စေတဲ့ အကြောင်းပာာ Coordinate Conjunctions (Acronym အနေနဲ့ CACAI) ဆိုတာကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယခု Complex Sentence ဖြစ်စေတဲ့ နောက်ထပ်အကြောင်းတစ်ချက် ကတော့ Subordinate Conjunctions ကြောင့်ဖြစ်ပါတယ်။ Subordinate Conjunctions တွေကို ခွဲထုတ်လိုက်မယ်ဆိုရင်…

1. Time (အချိန်ပြ စကားဆက်များ)
2. Reason (အကြောင်းပြ စကားဆက်များ)
3. Purpose (ရည်ရွယ်ချက်ပြ စကားဆက်များ)
4. Result or Consequence (အကျိုးဆက်ပြ စကားဆက်များ)
5. Condition (အခြေအနေပြ စကားဆက်များ)
6. Concession (လိုက်လျောမှုပြ စကားဆက်များ)
7. Comparison (နှိုင်းယှဉ်မှုပြ စကားဆက်များ)
8. Extent or Manner (အတိုင်းအတာ သို.မပာုတ် အမှုအရာပြစကားဆက် များ)

တို.ရပါမယ်။

1. Time (အချိန်ပြ စကားဆက်များ)
As, till, until, while, before, as soon as, after, when, by the time, whenever, since, ,as long as
တို.ဖြစ်သည်။

2. Reason (အကြောင်းပြ စကားဆက်များ)
As, since, because, lest, now that, as long as, inasmuch as, for the time being
စသည်တို.ဖြစ်သည်။

3. Purpose (ရည်ရွယ်ချက်ပြ စကားဆက်များ)
that, so that, in order that စသည်တို.ဖြစ်သည်။

4. Result or Consequence (အကျိုးဆက်ပြ စကားဆက်များ)
so…that, such…that တို.ဖြစ်ပါသည်။

5. Condition (အခြေအနေပြ စကားဆက်များ)
If, Only if, Unless, Whether or not, even if, providing (that), provided (that), in case, in the event (that) စသည်တို. ဖြစ်သည်။

6. Concession (လိုက်လျောမှု ပြ စကားဆက်များ)
Though, although, even though, whereas, while စသည်တို.ဖြစ်သည်။

7. Comparision (နှိုင်းယှဉ်မှုပြ စကားဆက်များ)
As…as, than တို့ဖြစ်သည်။

8. Extent or Manner (အတိုင်းအတာ သို.မပာုတ် အမူအရာပြ စကားဆက်များ)
As, as…so, so far as, according as စသည်တို.ဖြစ်သည်။

စာရေးသူ အနေနဲ့ ဒီအပါတ်တော့ ဒီမှာပဲ ခဏရပ်ထားပြီး Coordinate Conjunctions (CACAI) နဲ့ Subordinate Conjunctions (TRPRC3E) တို. ရဲ့ Conjunctions များကို ဝါကျတွင်တည်ဆောက်ပုံများ ကို နောက်သင်ခန်း စာတွေမှာ ထပ်မံဆွေးနွေးပါမယ်။ Simple, Compound နှင့် Complex ကို ယေဘုယျ အနေနဲ့ တာ စာရေးသူ ဆွေးနွေးထားပါတယ်။ တစ်ခုချင်း ဆီ၏ ဝါကျတည်ဆောက်မှု ပုံစံကို ခေါင်းစဉ်အလိုက် သီခြား ဆောင်းပါး တွင်ထပ်မံ ဖတ်ရှုစေချင်ပါတယ်။ သို.မှသာ စာဖတ်သူ အနေ နှင့် ကဂနဏ သဘောပေါက်နားလည် မှာ ဖြစ်တယ်။ အထက်ပါ စကားဆက်များကို ကျက်မှတ်ထားခြင်း ဖြင့် စာဖတ်သူများ သည် မိမိလေ့လာနေသော စာကြောင်းများကို မည်သည့်ဝါကျ ဖြစ်သည်ကို ခွဲခြား သိမြင်ပါလိမ့်မယ်။ စာဖတ်သူများ အကျိုးဖြစ်ထွန်းပါစေ။

No comments:

Post a Comment