စာရေးသူအနေနဲ.ဒီပို.စ်ကို နေ.စဉ်ပြောဆိုသော Spoken English အတွက် အကျိုးရှိလိမ့်မည် ပာု ယုံကြည်ပါတယ်။ စကားပြောဆို ပိုင်နိုင်ရန် အတွက် ပြောဆိုပုံ Pattern တွေကို တည်ဆောက်တတ်ရုံတင် မက ၊ အကြောင်း အရာများကို လဲ ရှာဖွေပြောဆိုတတ်မှု မှာ စကားပြောကောင်းသူ၊ စကားပြောကျွမ်းကျင်သူ Eloquent ဖြစ်သည် ပာု ယူဆနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် Pattern တွေကို တာ နားလည်ပြီး ပြောဆို ရာ အကြောင်းအရာ မရှိလျှင်၊ ပြောလေ့မရှိလျှင် အထစ်ထစ် ငေါ့ငါ့ဖြစ်နေမည်ဆိုတာ စာဖတ်သူများကြုံဖူးပေလိမ့်မည်။ ထို.ကြောင့် ယခု ကဏ္ဏ တွင် စာရေးသူ နေနှင့် စကားပြောဆိုရာတွင် ပါဝင်နိုင်မည့် အကြောင်းအရာနှင့် ပြောဆိုရမယ့် Usages များကို ဆွေးနွေးသွားပါမည်။ တစ်နေ.တာအတွက် ယေဘုယျ အားဖြင့် အကြောင်းအရာများ မှာ အောက်ပါအတိုင်းဖြစ်နိုင်သည်။
1. Talking about the Weather (ရာသီဥတုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း)
2. Talking about the current Events (လတ်တလော ဖြစ်နေတာနှင့် ပတ်သက်တဲ့ အကြောင်းအရာများကို ပြောခြင်း)
3. At the office (လုပ်ငန်းခွင် ရုံးတွင်)
4. At a social event (လူမူရေး အကြောင်းအရာတစ်ခုတွင်)
5. Out for a walk (အပြင်သို. လမ်းလျှောက်ထွက်ရာတွင်)
6. Waiting somewhere (တစ်နေရာရာတွင် စောင့်ဆိုင်း နေခိုက်)
တို.ဖြစ်ပါတယ်။
1. Talking about the Weather (ရာသီဥတုနှင့် ပတ်သက်ပြီးပြောဆိုခြင်း)
Conversation Starter တစ်ယောက်နေနှင့် စကားစတင်ပြောဆိုရန် အတွက် အောက်ဖော်ပြပါ များကို လေ့လာကျက်မှတ်ထားပေးစေချင်ပါသည်။
a. It's a Beautiful day, isn't it?
သာယာတဲ့နေ.တစ်နေ.ပဲနော်၊ ပာုတ်တယ်မပာုတ်ဘူးလား။
b. It looks like it is going to snow.
နှင်းကျတော့မယ်လို. ထင်ရတယ်။
c. It sure would be nicer to be in Hawaii right about now.
အခုအချိန်များ Hawaii မှာတာ ရှိမယ် ဆိုရင် ပိုကောင်းမှာသေချာတယ်။
d. We couldn't ask for a nicer day, could we?
ပိုကောင်းတဲ့နေ.ကို ငါတို.မရနိုင်ဘူး ပာုတ်တယ်မလား၊
e. How about this weather?
ဒီရာသီဥတု ကရော (ဆိုးလား၊ ကောင်းလား)
f. Did you order this sunshine?
ဒီလိုနေသာ တာကို မင်း မှာယူထားတာလား၊ (လောကွတ်ပြုတဲ့ စကားဖြစ်တယ်.. ဆိုလိုရင်း ကတော့ ဒီနေ. နေ သာတယ် လို.ပဲဆိုလိုတာပါ။)
(ဆက်လက်ရေးသားပါမည်။)
ယခု ကျွန်တော့ Blog ကို အင်္ဂလိပ်ဘာသာရပ် ကို ကျွမ်းကျင်တတ်မြောက် လိုသူ မြန်မာလူမျိုး များအတွက် ရည်ရွယ်ပါတယ်။
Tuesday, July 13, 2010
Monday, July 12, 2010
Complex Sentence အကြောင်းကိုလေ့လာကြည့်ရအောင်
စာရေးသူနေနဲ. ပထမပိုင်းမှာ Simple Sentence နဲ. Compound Sentence အကြောင်းကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ်အတွက်တော့ Complex Sentence အကြောင်းကို ဆွေးနွေး ချင်ပါတယ်။ Complex Sentence ဝါကျကို ရောယှက်ဝါကျလို.ခေါ်ပါတယ်။ Complex Sentence တစ်ကြောင်း သည် Main Clause (ပင်မဝါကျ) နှင့် Dependent Clause (or) Subordinate Clause (မှီခိုဝါကျ (ဝါ) လက်အောက်ခံဝါကျ) တို. ပေါင်းစပ်ခြင်းကြောင့်ဖြစ်တယ်။ အောက်ပါဝါကျကို လေ့လာကြည့်ပါ။
e.g. A. He achieved what he့ had expected.
သူမျှော်လင့်ထားခဲ့တဲ့ အရာကို သူရရှိအောင်မြင်ခဲ့တယ်။
B. He is the one whom the police suspected of murder.
သူ က လူသတ်မှုအတွက် ရဲတွေက သံသယရှိခဲ့တဲ့လူဖြစ်တယ်။
C. The students can go out after they have finished their homework.
ကျောင်းသားများ အိမ်စာလုပ်ပြီးရင် အပြင်ထွက်နိုင်တယ်။
ဥပမာဝါကျ A. ကိုကြည့်မယ်ဆိုရင်.. He achieved - (သူရရှိအောင်မြင်ခဲ့သည်) ဆိုတဲ့ဝါကျ က အဓိပ္ပါယ်ပြည့်စုံပြီး သီးခြားရပ်တည်နိုင်လို. Main Clause (or) Principle Clause(ပင်မ ဝါကျ) လို.ခေါ်ပါတယ်။ ဒါပေမယ့် what he had expected - ( သူမျှော်လင့်ထားခဲ့တဲ့ အရာ) ဆိုတဲ့ စကားစု က ဝါကျ အနေနဲ့ သီးခြားရပ်တည်လို. မရတဲ့ အတွက် မှီခိုဝါကျ ဖြစ်ပါတယ်။ မှီခိုဝါကျ (Subordinate Clause) ကြောင့် တာ Complex Sentence ဖြစ်ရခြင်းဖြစ်တယ်။ Subordinate Clause တွေကတော့
1. Noun Clauses
2. Adjective Clauses
3. Adverb Clauses
ဖြစ်ပါတယ်။
1. Noun Clause
Noun Clause တွေပာာ Sentence တစ်ကြောင်းမှာ Subject Pattern အနေနဲ့ရော Object Pattern အနေနဲ့ပါ ရပ်တည် နိုင်ပါတယ်။
အထက်ဖော်ပြပါ ဥပမာထဲ က A ဝါကျကို ကြည့်မယ်ဆိုရင်
1. He achieved what he had expected
achieved ဆိုတဲ့ ကြိယာ (Verb) ရဲ့ သက်ရောက်မှုကို ခံရတဲ့ ကံပုံစံ (Object Pattern) က what he had expected ဆိုတဲ့ Noun Clause ဖြစ်နေပါတယ်။ နောက်ထပ်ဝါကျတစ်ကြောင်းကို ထပ်ကြည့်မယ်ဆိုရင်
2. What she wants to be in life always makes her motivated
ဘဝမှာ သူ(မ)ဖြစ်ချင်တဲ့ အရာ က သူ.ကို တွန်းအားပေးစေတယ်။
ဝါကျမှာ ပါတဲ့ makes ဆိုတဲ့ ကြိယာကိုဖြစ်စေတဲ့ ကတ္တားပုံစံ (Subject Pattern) က What she wants to be in life ဆိုတာဖြစ်လို. Noun Clause ဖြစ်တယ်။
Noun Clause ကိုဖြစ်စေနိုင်တဲ့ Subject Pattern နဲ့ Object Pattern အပြင် တစ်ခြားအကြောင်း အရင်းတွေက တော့ Subject Complement, Object of a preposition နဲ့ Adjective Complement တို့ဖြစ်ပါတယ်။ တစ်ခုချင်း အသေးစိတ် အကြောင်းအရာကိုတော့ နောက်သင်ခန်းစာ၏ သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ ထပ်ပြီးဖတ်ရှုပါ။
2. Adjective Clause
Adjective Clause ကို Relative Clause လို.လဲ ခေါ်ပါတယ်။ Adjective ဆိုတဲ့သဘော က Noun ကို အထူးပြုပေးတယ်ဆိုတာ စာဖတ်သူများသိပြီးဖြစ်မှာပါ။ Relative Pronouns ဖြစ်တဲ့ (Who, Whom, That, Why, Which, Whose, When, Where, How) တို.နဲ့ တည်ဆောက်ထားတဲ့ Subordinate Clauses တွေကြောင့် Adjective Clause ဖြစ်ရတာပါ။ အောက်ပါ ဥပမာ များကို လေ့လာကြည့်ပါ။
1. I know a person who/that can help you.
မင်းကို ကူညီနိုင်မယ့်လူတစ်ယောက်ကို ငါသိတယ်။
2. I know a person whom/that you can help.
မင်းကူညီနိုင်မယ့်လူတစ်ယောက်ကို ငါသိတယ်။
3. I know a person whose advice I can trust.
မင်းယုံကြည်နိုင်မယ့် အကြံဉာဏ် မျိုးရှိတဲ့ လူကို ငါသိတယ်။
4. I know a person to whom I can refer you.
မင်းကို ရည်ညွန်းနိုင်မယ့် လူတစ်ယောက်ကို ငါသိတယ်။
5. I know a person whom I can refer you to.
မင်းကို ရည်ညွန်းနိုင်မယ့် လူတစ်ယောက်ကို ငါသိတယ်။ (Preposition “to” ကို Relative Pronoun နှင့် တွဲပြီး ရေးနိုင်သလို ခွဲပြီး လဲရေးနိုင်သည်ကို သတိပြုပါ။ အဓိပ္ပါယ်တော့ အတူတူဖြစ်ပါတယ်။)
6. I can’t afford a car which/that I really want.
ငါတကယ့်ကို လိုချင်တဲ့ ကား ကို (ဝယ်ဖို့) မတတ်နိုင်ဘူး။
7. I do not know the time when they are leaving for Myanmar.
သူတို. မြန်မာပြည်ကို ထွက်ခွါမယ့် အချိန်ကို ငါမသိဘူး။
8. Can you tell me the reason why you look so down?
မင်းစိတ်ဓါတ်ကျနေရတဲ့ အကြောင်းရင်းကို ငါ့ကိုပြောနိုင်မလား။
9. Please show me the method how you make cakes.
မင်း ကိတ်မုန်.ကို ဘယ်လိုလုပ်တယ်ဆိုတဲ့ နည်းလမ်းကို ကျေးဇူးပြုပြီးပြပေးပါ။
အထက်ဖော်ပြပါ ဝါကျတွေထဲမှာ Relative Pronouns တွေနဲ့စထားတဲ့ Adjective Clause (အပြာရောင်) တွေက အရှေ့ မှာရှိတဲ့ Noun ကို အထူးပြုကြပါတယ်။ Adjective Clause ပာာ Complex Sentence ဖြစ်စေတာ ကြောင့် အထက်ပါ ဝါကျတွေအားလုံး ပာာ Complex Sentences တွေဖြစ်ပါတယ်။
3. Adverbs Clause
အရှေ့ဆောင်းပါးမှာ Compound Sentence ဖြစ်စေတဲ့ အကြောင်းပာာ Coordinate Conjunctions (Acronym အနေနဲ့ CACAI) ဆိုတာကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယခု Complex Sentence ဖြစ်စေတဲ့ နောက်ထပ်အကြောင်းတစ်ချက် ကတော့ Subordinate Conjunctions ကြောင့်ဖြစ်ပါတယ်။ Subordinate Conjunctions တွေကို ခွဲထုတ်လိုက်မယ်ဆိုရင်…
1. Time (အချိန်ပြ စကားဆက်များ)
2. Reason (အကြောင်းပြ စကားဆက်များ)
3. Purpose (ရည်ရွယ်ချက်ပြ စကားဆက်များ)
4. Result or Consequence (အကျိုးဆက်ပြ စကားဆက်များ)
5. Condition (အခြေအနေပြ စကားဆက်များ)
6. Concession (လိုက်လျောမှုပြ စကားဆက်များ)
7. Comparison (နှိုင်းယှဉ်မှုပြ စကားဆက်များ)
8. Extent or Manner (အတိုင်းအတာ သို.မပာုတ် အမှုအရာပြစကားဆက် များ)
တို.ရပါမယ်။
1. Time (အချိန်ပြ စကားဆက်များ)
As, till, until, while, before, as soon as, after, when, by the time, whenever, since, ,as long as
တို.ဖြစ်သည်။
2. Reason (အကြောင်းပြ စကားဆက်များ)
As, since, because, lest, now that, as long as, inasmuch as, for the time being
စသည်တို.ဖြစ်သည်။
3. Purpose (ရည်ရွယ်ချက်ပြ စကားဆက်များ)
that, so that, in order that စသည်တို.ဖြစ်သည်။

so…that, such…that တို.ဖြစ်ပါသည်။
5. Condition (အခြေအနေပြ စကားဆက်များ)
If, Only if, Unless, Whether or not, even if, providing (that), provided (that), in case, in the event (that) စသည်တို. ဖြစ်သည်။
6. Concession (လိုက်လျောမှု ပြ စကားဆက်များ)
Though, although, even though, whereas, while စသည်တို.ဖြစ်သည်။
7. Comparision (နှိုင်းယှဉ်မှုပြ စကားဆက်များ)
As…as, than တို့ဖြစ်သည်။
8. Extent or Manner (အတိုင်းအတာ သို.မပာုတ် အမူအရာပြ စကားဆက်များ)
As, as…so, so far as, according as စသည်တို.ဖြစ်သည်။
စာရေးသူ အနေနဲ့ ဒီအပါတ်တော့ ဒီမှာပဲ ခဏရပ်ထားပြီး Coordinate Conjunctions (CACAI) နဲ့ Subordinate Conjunctions (TRPRC3E) တို. ရဲ့ Conjunctions များကို ဝါကျတွင်တည်ဆောက်ပုံများ ကို နောက်သင်ခန်း စာတွေမှာ ထပ်မံဆွေးနွေးပါမယ်။ Simple, Compound နှင့် Complex ကို ယေဘုယျ အနေနဲ့ တာ စာရေးသူ ဆွေးနွေးထားပါတယ်။ တစ်ခုချင်း ဆီ၏ ဝါကျတည်ဆောက်မှု ပုံစံကို ခေါင်းစဉ်အလိုက် သီခြား ဆောင်းပါး တွင်ထပ်မံ ဖတ်ရှုစေချင်ပါတယ်။ သို.မှသာ စာဖတ်သူ အနေ နှင့် ကဂနဏ သဘောပေါက်နားလည် မှာ ဖြစ်တယ်။ အထက်ပါ စကားဆက်များကို ကျက်မှတ်ထားခြင်း ဖြင့် စာဖတ်သူများ သည် မိမိလေ့လာနေသော စာကြောင်းများကို မည်သည့်ဝါကျ ဖြစ်သည်ကို ခွဲခြား သိမြင်ပါလိမ့်မယ်။ စာဖတ်သူများ အကျိုးဖြစ်ထွန်းပါစေ။

Wednesday, June 30, 2010
IELTS ၏ Speaking ကဏ္ဏ အတွက် အားကောင်းသော Adverbial Expression များ
Spoken English တွင် Adverbial Expressions သည် စကားပြောဆိုရာ တွင် အလွန်ထိရောက်မှု ရှိတယ်ဆိုတာကို English စာလေ့လာနေသူများ သိပြီးသားဖြစ်မှာပါ။ အဲဒါကြောင့် နေ.စဉ်စကားပြောမှာ ရော IELTS ဖြေဆိုမည့် ကျောင်းသားအတွက် ရော အကျိုးရှိစေမည့် အသုံးများသော Adverbs တွေကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။
ကျက်မှတ်ထားသင့်ပြီး Spoken English အတွက် အသုံးဝင်မယ့် Adverbs တွေက တော့
1. Somehow
တစ်နည်းနည်းဖြင့်။ ဘယ်နည်းနှင့်မဆို။ ဘာကြောင့်မှန်းမသိ။ (British အသုံးဖြစ်တယ်။
American နေနဲ.ကတော့ Somehow အစား Someway ကိုသုံးပါတယ်။)
e.g. 1. We must stop him from seeing her somehow.
ကျွန်တော်တို.တွေ သူ.ကို သူမကိုလာတွေ.တာ ဘယ်နည်းနဲ.မဆို ရပ်အောင်လုပ်ရမယ်။
2. Somehow I must get a new job.
ဘာကြောင့်မှန်းတော့မသိဘူး ငါ အလုပ်သစ်ရကို ရရမယ်ကွာ။
3. Somehow, I don't feel I can trust him.
ဘာကြောင့်မှန်းတော့မသိဘူး ငါသူ.ကို ယုံကြည်တယ်လို. မခံစားရဘူး။
2. Anyhow ( Anyway ပာုလဲသုံးသည်။)
၁. ထို.အပြင်၊ ဒါ့အပြင်(ရှေ.တွင်ဆိုပြီးသည်ကို အတည်ပြုသောအားဖြင့်သုံးသည်။) Besides နဲ.တူပါတယ်။
e.g It's too expensive and anyhow the color doesn't suit you.
အဲဒါ က သိပ်ဈေးကြီး တယ် ဒါ့အပြင် အရာင်ကလည်း မင်းနဲ. မလိုက်ဘူး။
၂. သို.ပေမယ့်
e.g The water was cold but I had a bath anyhow.
ရေတွေ အေးနေခဲ့တယ် သို.ပေမယ့် ငါ ရေချိုးခဲ့တယ်။
၃. ဘာပဲဖြစ်ဖြစ်
e.g Anyhow, let's forget about that for the moment.
ဘာပဲဖြစ်ဖြစ် အဲဒါကို ငါတို. တဒင်္ဂလောက် မေ.ထားကြစို.။
Anyhow, I'd better go now. I will see you tomorrow.
ဘယ်လိုပဲဖြစ်ဖြစ် အခု ငါသွားသင့်ပြီ။ မနက်ဖြန်မှ ငါမင်းကို လာတွေ.မယ်။
၎. ဖြစ်ကတတ်ဆန်း။ ပစ်စလတ်ခတ်။
e.g She threw her clothes down all anyhow.
သူမပာာ အဝတ်ကို ဖြစ်ကတတ်ဆန်း ပစ်ခဲ့တယ်။
(ဆက်လက်ရေးသားပါမည်၊)

Monday, June 28, 2010
စင်္ကာပူကိုလာရင် ဘာတွေပြင်ဆင်ရမှာ လဲ... Speaking ကသိပ်မကောင်းတော့ လာရမှာ စိုးရိမ်တယ်.. ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ Gtalk ကနေပြောတဲ့စကားကို ...
စင်္ကာပူကိုလာရင် ဘာတွေပြင်ဆင်ရမှာ လဲ... Speaking ကသိပ်မကောင်းတော့ လာရမှာ စိုးရိမ်တယ်.. ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ Gtalk ကနေပြောတဲ့စကား ကို စာရေးသူ နေနဲ. အကြံပြုချင်တာ ကတော့... အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင်ပြောဆို ရမယ်ဆိုတဲ့ထိတော့ မတောင်းဆိုချင်ပါဘူး... ဒီမှာ ရှိနေတဲ့ အလုပ်လုပ်နေတဲ့ သူတွေရော ၊ ကျောင်းလာတက်ကြ တဲ့ သူတွေရော ကြုံတွေ.နေရတဲ့ ပြဿနာ က သူတို.ပြောနေတဲ့ လေသံကို အစမှာတော့ နားထောင်ဖို.တော်တော်ကို ခက်ပါလိမ့်မယ်။ တော်တော်များများတော့ လိုရင်းကိုတာ ပြောကြတာမို. Subject + Verb Agreement ယူရမှာမျိုး ကအစ ဖြစ်သင့်တဲ့ အသုံးပြုရမယ့် ကာလ ကို Present Simple၊ Past Simple နှင့် Future Simple လောက်ကိုတာ ပိုမို အသုံးပြုကြပါတယ်။ စင်္ကာပူကိုလာ ပြီး အလုပ်လာရှာမယ့်သူ အဖို.က တော့ အရေးကြီး ဆုံး က ကိုယ် ရဲ့ အလုပ်အတွေ.အကြုံကို တော့ စီကာပတ်ကုံးပြောတတ်ဖို.အတွက် ကိုယ့်အကြောင်းကို ကိုတော့ ပြင်ဆင်ဖို. လိုလိမ့်မည်။ အင်တာဗျူးမေးသူ အနေနှင့် အင်တာဗျူးဖြေဆိုသူ အား ပထမဦးဆုံး သော Impression မှာ Appearance ဖြစ်သလို ကိုယ့် ရဲ့ English စာအတွက် က ပထမဦးဆုံး Impression မှာ 4Skills ထဲ က Speaking ပဲဖြစ်ပါတယ်။ Speaking ကို လေယူလေသိမ်း ကောင်းကောင်းနဲ.ပြောနိုင်ဖို. ကတော့ Phonetics ကို ကောင်းစွာ ပိုင်နိုင်နေဖို.လိုပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ ရှိတုန်း ကိုယ့်ရဲ့ Spoken English ကို ကောင်းဖို. အတွက် ဆရာကောင်းသင်တန်းကောင်းတွေ မှာ လေ့လာဖို.လိုပါတယ်။ လာပြီး အလုပ်လာရှာမယ့် သူအတွက် က အနည်းဆုံး သင့်တော်တဲ့ အခြေအနေတစ်ခုမှာ ကိုယ့် English ကျွမ်းကျင်မှုတော့ ရှိသင့်ပါတယ်။ (ဆက်လက်ရေးသားပါမည်)
Friday, June 25, 2010
အင်္ဂလိပ် ဘာသာ စကားအဆောက်အအုံ ကို ချဉ်းကပ်ခြင်း
အင်္ဂလိပ်ဘာသာ စကားကို သေချာစွာ လေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် စာရေးသူ၏ အမြင်မှာ သတ်မှတ်ထားသောဘောင် အကျဉ်းမှ အကျယ်သို. လေ့လာသွားလျှင်ပိုမိုထိရောက်မူ ရှိမည်ပာုမြင်ပါသည်။ ဆိုလိုသည် မှာ . ယေဘုယျ အားဖြင့် အင်္ဂလိပ်စာ တွင်
1. 8 parts of Speech
2. Tenses
3. Phonetics
လို.ပဲမြင်ပါတယ်။ Slang တို. Idiom တို.ပာာ 8 parts of Speech တွေကနေ တစ်ဆင့် ပေါက်ဖွားလာတယ်ဆိုတာ စာဖတ်သူများသိပါလိမ့်မယ်။ အဲဒီတော့ အခု ဖေါ်ပြထားတဲ့ အကြောင်းအရာတွေ ကိုတော့ သေသေချာချာ လေ့လာ မှတ်ယူသင့်ပါတယ်။ 8 parts of Speech ကို လေ့လာမယ်ဆို ရင် တော်တော်ကို ကျယ်ပြန်.လွန်းပြီး အချိန်ယူပြီး လေ့လာရမှာ ဖြစ်လို. Tenses နဲ. Phonetics ကို အရင် စပြီးလေ့လာတာပာာ စာဖတ်သူများ အတွက် ပိုမို အောက်သက်ကျေ ပြီး အခြေအမြစ်ခိုင်မှာ ဖြစ်တယ်။ အဲဒီအကြောင်းအရာတွေကိုလဲ စာရေးသူအနေနဲ. ကဏ္ဏ တစ်ခုချင်း စီ အသေးစိပ်သွားမှာ ဖြစ်လို. စာဖတ်သူများ အတွက် အဆင့်နိမ့် နေမှာ ကို တောင် စိုးရိမ်မိပါတယ်။ ဒါပေမယ့် လေ့လာသူများ အနေနဲ. အခြေခံကျကျ သိရှိသွားဖို.ကို ရည်ရွယ်တာ ကြောင့် သေသေချာချာ မှတ်စေချင်ပါတယ်။
Tenses က(၁၂) မျိုးရှိတယ်ဆို ပေမယ့် အားလုံးကို အသုံးပြုနိုင်တယ်လို.မဆိုပါဘူး။ အဲဒီ (၁၂)မျိုးမှ အသုံးများတဲ့ ကာလ တွေကိုသာ စာရေးသူ အနေနဲ. နောက် ပိုစ့်တွေမှာ ဆွေးနွေးသွားမှာပါ။ ကဏ္ဏ တစ်ခု အနေနဲ.ထပ်မံ ရေးသားမှာ ဖြစ်လို. သီးခြားကဏ္ဏမှာ ထပ်မံ ဖတ်ရူပေးပါ။
Phonetics အနေနဲ.ကတော့ နေ.စဉ်ပြော စကားပြောမှာ ရော အင်္ဂလိပ်စာ လေ့လာ လိုက်စားနေသူများ အတွက် သိကိုသိသင့် သိထိုက်တဲ့ ပညာရပ်ပါ။ English အက္ခရာ ၂၆ လုံး ရှိရာ မှာ a,e,i,o,u ဖြစ်တဲ့ Vowel ၅လုံး နဲ.ကျန်တဲ့ ၂၁ လုံး က Consonants ဖြစ်တယ်ဆိုတာ စာဖတ်သူများ သိပြီးသားပါ။ ဆိုလိုတာ က အက္ခရာမှာ သူတို.ကိုယ်ပိုင် အသံလေးတွေရှိကြပါတယ်။ သီးခြားကဏ္ဏ နေနဲ. ထပ်မံ ဆွေးနွေးပါမယ်။ Phonetics ကို အဓိက အားဖြင့် Consonants (၂၄)လုံး နဲ. Vowels (၂၀) လုံး ရရင် အသံ ကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်မှာ ဖြစ်ပြီး နေ.စဉ်ပြော စကားပြောမှာရော ပီပီသသပြောနိုင်မှာ ဖြစ်လို. ယုံကြည်မှုကို လဲ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်တယ်။
စာရေးသူသည် စာရေးသူ၏ သူငယ်ချင်းဖြစ်သူ (ကိုရဲနေမျိုးပာန်-ခွဲစိတ်ဆရာဝန်) နှင့် English ဘာသာရပ်ကို ဆွေးနွေးကြည့်မိပါတယ်။ ကိုရဲနေမျိုးပာန် က 1997 ခုနှစ်တွင် ၁၀တန်းကို အင်္ဂလိပ်စာဂုဏ်ထူးရှင် နေနဲ.ရော တစ်နိုင်ငံလုံးအဆင့် ရော နံပါတ် ၆ ချိပ်ခဲ့ပါတယ်။ စာရေးသူ က အင်္ဂလိပ်ဘာသာ စကား 4 Skills လုံးကျွမ်းကျင်တတ်မြောက်ဖို. သူ၏အမြင်ကို မေးမြန်းကြည့်တဲ့ အခါမှာ Listening အတွက် အကောင်းဆုံးက တော့ သတင်းကို များများ နားထောင် စေချင်ပါတယ်။ သတင်းကြေငြာသူမှာ သတင်းအချက်အလက်ကို တိတိကျကျနဲ. ပီပီတတ ပြောမှာဖြစ်လို. နားထောင်မူစွမ်းရည်ကို ပိုမို လွယ်ကူစွာနဲ. လေ့ကျင့်ယူနိုင်မှာဖြစ်တယ်။ (ဆက်လက်ရေးသားပါမည်။)

IELTS ဖြေဆိုမည့်ကျောင်းသားများအတွက်
ယခုအပတ် အတွက် IELTS နှင့် TOEFL ဖြေဆိုမည့် သူများ အတွက် အကျိုးရှိစေရန် ရည်ရွယ် ၍ ကဏ္ဏ တစ်ရပ်နေနဲ့ ဆွေးနွေး သွားမယ်လို. စာရေးသူစိတ်ကူးမိပါတယ်။ Australia နှင့် နိုင်ငံတကာရှိ တက္ကသိုလ် များတွင် ကျောင်းဝင်ခွင့် ရရှိစေရန်အတွက်လည်းကောင်း၊ Australia, Canada or New Zealand နိုင်ငံများတွင် နေထိုင်ခွင့်ရရှိစေရန်အတွက် လည်းကောင်း English စာစွမ်းရည် ကို စမ်းသပ်စစ်ဆေးသည့် အနေနဲ. IELTS စာမေးပွဲ ကို ဖြေဆို ရပါသည်။ IELTS (International English Language Testing Service) သည်
IELTS မေးခွန်း အမျိုးအစား (၂) မျိုးရှိပါတယ်။
1. General (For immigration purpose)
(အမြဲ တမ်းနေထိုင်သူ အဖြစ် နိုင်ငံအတွင်းသို့ ကူးပြောင်းဝင်ရောက်ရန်အတွက်)
2. Academic (in case you want to study at University or apply for residency in occupation which requires higher English level such as teacher, nurse…)
(တက္ကသိုလ် တွင် ပညာသင်ကြားလိုလျှင် သို.မပာုတ် ကျောင်းဆရာ၊ သူနာပြု ကဲ့သို.သော English စွမ်းရည်မြင့်မားမှုလိုအပ်သောအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များကဏ္ဏတွင်နေထိုင် လုပ်ကိုင် ရန်အတွက် လျှောက်လိုလျှင်)
စာမေးပွဲ မေးခွန်းပုံစံ တစ်ခုတွင် အပိုင်း (၄) ပိုင်း ပါဝင်ပါသည်။
1. Listening (40 mins)
2. Reading (60 mins)
3. Writing (60 mins)
4. Speaking (14 mins)
General နဲ. Academic မေးခွန်းတွင် Listening နှင့် Speaking ပုံစံမှာ တူပြီး Writing နှင့် Reading တွင် မှာ သာ ကွာခြားပါတယ်။ ဤ ကဏ္ဏတွင် Academic နေနှင့်သာ ဖြေဆိုသူ ပိုမိုများသောကြောင့် Academic အကြောင်းကို သာ အဓိကထား ၍ဆွေးနွေးသွားပါမယ်။ မေးခွန်းတွင်ပါဝင်သော အပိုင်း (၄) ပိုင်းကို တစ်ပိုင်းချင်း စီ အကျယ်တဝင့် ဆွေးနွေး သွားပါမယ်။ ယခု အပတ် အတွက်တော့ Writing အကြောင်း ကို စတင် ပြီး ဆွေးနွေးသွားပါမယ်။
3. Writing
Writing Section တွင် Task 1 နဲ. Task 2 ဆိုပြီး အပိုင်း(၂) ပိုင်း ပါဝင်ပါတယ်။ ဖြေဆိုချိန်အတွက် မိနစ် (၆၀) ပေးထားပါတယ်။ Task 1 ကို ဖြေဆိုရာ မှာ စာလုံးရေ အနည်းဆုံး (၁၅၀) တော့ ရေးသား ရပါမယ်။ Task 2 အတွက်တော့ စာလုံးရေ အနည်းဆုံး (၂၅၀) ရေးသားရပါမယ်။ Task 1 အတွက် မိနစ် (၂၀) လောက် သာ အချိန်ယူဖို. အကြံပြုမှာပြီး Task 2 အတွက်တော့ မိနစ် (၄၀) ခန့် အချိန်ယူသင့်ပါတယ်။ Task 2 သည် အမှတ်ပိုမို ရမှာ ဖြစ်လို. ပထဦးဆုံးဖြေ စေချင်ပါတယ်။
Task 1 ကို မေးလေ့ရှိတဲ့ပုံစံ ကတော့ (GBP MDT M - Flow) ဆိုတဲ့ (၈) မျိုးပါ။
1. G = Graph
2. B = Bar Chart
3. P = Pie Chart
4. M = Map
5. D = Diagram
6. T = Table
7. M = Mixed
8. F = Flow Chart
တို.ဆိုပြီး မေးလေ့ရှိပါတယ်။
Task 1 ကို ဖြေဆိုဖို. က PCP နဲ. စဉ်းစားသင့်ပါတယ်။
1. P = Points of importance (အဓိကအချက်အလက် အကြောင်းအရာကိုစဉ်းစားရန်)
2. C = Comparison (အရေးကြီးဆုံးကိုသာ နှိုင်းယှဉ်ပြရန်)
3. P = Presentation (ဘယ်လို ရှင်းလင်းတင်ပြမလဲ)
Task 1 ကို အမှတ်ကောင်းကောင်း ဖြေဆို နိုင်ဖို. အတွက် အမှတ်ပေးရာမှာ ပါသင့်တဲ့(Task Compare Structure Vocab Grammar No Repeat To Be Clear) ဆို သာတွေနဲ. ပြည့်စုံသင့်ပါတယ်။ မှတ်ရလွယ်အောင် ပြင်ဆင်ထားပါတယ်။
1. Task = Task Fulfilment ( ပေးထားသောပုံ တွင် ပါရှိသည်များကို ပြည့်စုံစွာ ဖော် ပြရပါမယ်။ )
2. Compare = Comparison of the suitable things ( နှိုင်း ယှဉ်ဖော်ပြသင့်သည်များကို ခိုင်းနှိုင်း ဖော်ပြရန်
3. Structure = Variety of Structure တင်ပြပုံတွင် ဝါကျတည်ဆောက်မူပုံစံ ပိုမို စုံလျှင်ပါက စာစစ်သူ နေနှင့် ဖြေဆိုသူ ၏ ပင်ကိုယ်စွမ်းရည်ကို အကဲခတ်နိုင်မည်။)
4. Vocab = Vocabularies ဝေါပာာရကြွယ်ဝမှု သည် ဖြေဆိုသူ၏ ပင်ကိုယ်စွမ်းရည်ကို အကဲဖြတ်နိုင်သည်။
5. No repeat = ထပ်ခါ ထပ်ခါ အသုံးပြုမယ့် အစား အဓိပ္ပါယ်တူ ပြီး စာလုံးပေါင်း ကွဲသည့် (Synonym) များကို ရွေးချယ် အသုံးပြုသင့်သည်။ သို.သော် Usage ကိုတော့ ပိုင်နိုင်ဖို.လိုပါမည်။
6. Presentation = Presentation to be clear ပေးထားသည့်မေးခွန်းပုံကို ရှင်းလင်းတင်ပြရာတွင် စာစစ်သူကို ဆိုလိုရင်းအဓိပ္ပါယ်အား တိတိကျကျနှင့် ရှင်ရှင်းလင်းလင်း ဖြေဆိုသင့်သည်။
Writing Task 1 ကို ဖြေဆိုရာတွင်
Task 1 အတွက် ဖြေဆိုသူများ အနေနှင့် မေးခွန်း ၏ သဘော သဘာဝကို သတိပြုပြီး ဖြစ်ကောင်းဖြစ်ပေမည်။ မေးခွန်း ကပင် Summarize ၊ Main Features၊ Reportတို.ဖြင့် ချုပ်ထားသောကြောင့် ပါသင့်သည်များကို အတိုချုပ်ပြီး တင်ပြပုံ ပြေပစ်ရမည်။
စာရေးသူနေနဲ့ အကြံပြုချင်သည် မှာ
Task 1 ရဲ့ မေးခွန်းကို ပြည့်စုံစွာ ဖြေဆိုနိုင်ရန် I O D C နဲ့ သွားသင့်ပါသည်။
1. I = Introduction (နိဒါန်း - အကြောင်းအရာ၊ နေရာ ၊ အချိန် တို.ကို သာ ဖော်ပြရုံနဲ.ပြည့်စုံသည်။)(မှတ်ချက် - နေရာ နှင့် အချိန် သည် မေးခွန်းက ဖော်ပြမှသာ ထည့်သွင်း ဖော် ပြရန်)
2. O = Overview (မေးခွန်း ၏ အဓိကအကြောင်းအရာ ကို ချုံငုံ ၍ ရေးသားရန်)
3. D = Details ( အရေးကြီးသည့် အကြောင်းအရာကို အသေးစိပ်ဖော်ပြရန်)
4. C = Conclusion (နိဂုံးချုပ်)

ကောင်းမယ်ထင်လို. ဒီ သင်ခန်းစာကို - Flowery English လို.နံမည်ပေးထားပါတယ်။ လေ့လာကြည့်ပါ နောက် သင်ခန်းစာတွေမှာ ဥပမာ ဝါကျတွေကို များများပေးသွားပါမယ်။
1. Have in-depth knowledge of (Verb) ခရေစေ့တွင်းကျ သိသည်။
(in-depth = very thorough and detailed)
2. make a libation (Verb) ရေစက်ချသည်။
3. pick up (Verb) ရောဂါ ကူးစက်သည်။(e.g Untidiness is easily picked up)
4. laugh up one’s sleeve (Idiom) တီးတိုး ကြိတ်ရယ်သည်။
5. devoid of stress and strains (verb) မွန်းကျပ်မှုမရှိ။
6. musical signature (N-Phrase) လက်သံ ( ဂီတ နဲ. ပတ်သက်လျှင်သုံးသည်။)
7. with great gusto (Adverb-P) အားရပါးရ။(ကောင်းတဲ့သဘော သက်ရောက်)
8. modern England tune (N-Phr) England သံဆန်း တီးလုံး။
9. aesthetic tune (N-Phr) ဗြောညွန့် တီးလုံး။
10. pass the time of day with sb (Verb-Phr) အလာပသလ္လာပ ပြောသည်။
11. by hook or by crook (Idiom) ဘယ်လို နည်းနဲ.ဖြစ်ဖြစ်။ ( by any means, whether just or unjust, legal or illegal. Also by hook or crook)
12. in the fond hope/believe (Adv-Phr) ပေါက်လိုပေါက်ငြား ရလိုရငြား။
13. exemplary (Adj) စံထားထိုက်သော၊ အတုယူထိုက်သော၊ စံပြ။
(exemplary behavior, exemplary student, exemplary punishment or damages)
14. orator (N) အပောာအပြာကောင်းသူ၊အာဝဇ္ဇန်း ကောင်းသူ
15. flatly (Adv) လုံးဝ၊ ပြတ်ပြတ် သားသား။ (absolutely)
16. beyond one’s means (Adv-Phr) မတတ်နိုင်၊ လက်လှမ်းမမှီ။
17. dress to the nines (Idiom) အကောင်းဆုံးဝတ်စားဆင်ယင်သည်။ သပ်ရပ်စွာ၊ ခန်းနားစွာ ဝတ်ဆင်သည်။ ( e.g All girls were dressed to the nines for the party)
18. call off (Verb-Phr) ဖျက်သိမ်းသည်။
19. see off (Verb-Phr) လိုက်ပို.သည်။ (ခရီးထွက်သည့်နေရာ သုံး)
20. head wind (Noun-Phr) လေဆန်။
21. Subordinate days (Noun-Phr) အိမ်နိမ့်စံဘဝ။
22. on the run (Idiom) ရှောင်တိမ်း။
(e.g The escaped murderer has been on the run for three week.)
23. achiveve supremacy over the country (Verb) အထွတ်အထိပ်သို. ရောက်အောင် တက်လှမ်းလာနိုင်ခဲ့သည်။
24. Vbe+constricted among ill-wishers (Verb) မလိုမုန်းထားသူ တို.အကြား ခက်ခဲကျဉ်းမြောင်းစွာနေရသည်။
25. being driven by great misery (Phrase) ဆင်းရဲကျပ်တည်းလှသောကြောင့်။

Subscribe to:
Posts (Atom)