ယခုအပတ် အတွက် IELTS နှင့် TOEFL ဖြေဆိုမည့် သူများ အတွက် အကျိုးရှိစေရန် ရည်ရွယ် ၍ ကဏ္ဏ တစ်ရပ်နေနဲ့ ဆွေးနွေး သွားမယ်လို. စာရေးသူစိတ်ကူးမိပါတယ်။ Australia နှင့် နိုင်ငံတကာရှိ တက္ကသိုလ် များတွင် ကျောင်းဝင်ခွင့် ရရှိစေရန်အတွက်လည်းကောင်း၊ Australia, Canada or New Zealand နိုင်ငံများတွင် နေထိုင်ခွင့်ရရှိစေရန်အတွက် လည်းကောင်း English စာစွမ်းရည် ကို စမ်းသပ်စစ်ဆေးသည့် အနေနဲ. IELTS စာမေးပွဲ ကို ဖြေဆို ရပါသည်။ IELTS (International English Language Testing Service) သည်
IELTS မေးခွန်း အမျိုးအစား (၂) မျိုးရှိပါတယ်။
1. General (For immigration purpose)
(အမြဲ တမ်းနေထိုင်သူ အဖြစ် နိုင်ငံအတွင်းသို့ ကူးပြောင်းဝင်ရောက်ရန်အတွက်)
2. Academic (in case you want to study at University or apply for residency in occupation which requires higher English level such as teacher, nurse…)
(တက္ကသိုလ် တွင် ပညာသင်ကြားလိုလျှင် သို.မပာုတ် ကျောင်းဆရာ၊ သူနာပြု ကဲ့သို.သော English စွမ်းရည်မြင့်မားမှုလိုအပ်သောအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များကဏ္ဏတွင်နေထိုင် လုပ်ကိုင် ရန်အတွက် လျှောက်လိုလျှင်)
စာမေးပွဲ မေးခွန်းပုံစံ တစ်ခုတွင် အပိုင်း (၄) ပိုင်း ပါဝင်ပါသည်။
1. Listening (40 mins)
2. Reading (60 mins)
3. Writing (60 mins)
4. Speaking (14 mins)
General နဲ. Academic မေးခွန်းတွင် Listening နှင့် Speaking ပုံစံမှာ တူပြီး Writing နှင့် Reading တွင် မှာ သာ ကွာခြားပါတယ်။ ဤ ကဏ္ဏတွင် Academic နေနှင့်သာ ဖြေဆိုသူ ပိုမိုများသောကြောင့် Academic အကြောင်းကို သာ အဓိကထား ၍ဆွေးနွေးသွားပါမယ်။ မေးခွန်းတွင်ပါဝင်သော အပိုင်း (၄) ပိုင်းကို တစ်ပိုင်းချင်း စီ အကျယ်တဝင့် ဆွေးနွေး သွားပါမယ်။ ယခု အပတ် အတွက်တော့ Writing အကြောင်း ကို စတင် ပြီး ဆွေးနွေးသွားပါမယ်။
3. Writing
Writing Section တွင် Task 1 နဲ. Task 2 ဆိုပြီး အပိုင်း(၂) ပိုင်း ပါဝင်ပါတယ်။ ဖြေဆိုချိန်အတွက် မိနစ် (၆၀) ပေးထားပါတယ်။ Task 1 ကို ဖြေဆိုရာ မှာ စာလုံးရေ အနည်းဆုံး (၁၅၀) တော့ ရေးသား ရပါမယ်။ Task 2 အတွက်တော့ စာလုံးရေ အနည်းဆုံး (၂၅၀) ရေးသားရပါမယ်။ Task 1 အတွက် မိနစ် (၂၀) လောက် သာ အချိန်ယူဖို. အကြံပြုမှာပြီး Task 2 အတွက်တော့ မိနစ် (၄၀) ခန့် အချိန်ယူသင့်ပါတယ်။ Task 2 သည် အမှတ်ပိုမို ရမှာ ဖြစ်လို. ပထဦးဆုံးဖြေ စေချင်ပါတယ်။
Task 1 ကို မေးလေ့ရှိတဲ့ပုံစံ ကတော့ (GBP MDT M - Flow) ဆိုတဲ့ (၈) မျိုးပါ။
1. G = Graph
2. B = Bar Chart
3. P = Pie Chart
4. M = Map
5. D = Diagram
6. T = Table
7. M = Mixed
8. F = Flow Chart
တို.ဆိုပြီး မေးလေ့ရှိပါတယ်။
Task 1 ကို ဖြေဆိုဖို. က PCP နဲ. စဉ်းစားသင့်ပါတယ်။
1. P = Points of importance (အဓိကအချက်အလက် အကြောင်းအရာကိုစဉ်းစားရန်)
2. C = Comparison (အရေးကြီးဆုံးကိုသာ နှိုင်းယှဉ်ပြရန်)
3. P = Presentation (ဘယ်လို ရှင်းလင်းတင်ပြမလဲ)
Task 1 ကို အမှတ်ကောင်းကောင်း ဖြေဆို နိုင်ဖို. အတွက် အမှတ်ပေးရာမှာ ပါသင့်တဲ့(Task Compare Structure Vocab Grammar No Repeat To Be Clear) ဆို သာတွေနဲ. ပြည့်စုံသင့်ပါတယ်။ မှတ်ရလွယ်အောင် ပြင်ဆင်ထားပါတယ်။
1. Task = Task Fulfilment ( ပေးထားသောပုံ တွင် ပါရှိသည်များကို ပြည့်စုံစွာ ဖော် ပြရပါမယ်။ )
2. Compare = Comparison of the suitable things ( နှိုင်း ယှဉ်ဖော်ပြသင့်သည်များကို ခိုင်းနှိုင်း ဖော်ပြရန်
3. Structure = Variety of Structure တင်ပြပုံတွင် ဝါကျတည်ဆောက်မူပုံစံ ပိုမို စုံလျှင်ပါက စာစစ်သူ နေနှင့် ဖြေဆိုသူ ၏ ပင်ကိုယ်စွမ်းရည်ကို အကဲခတ်နိုင်မည်။)
4. Vocab = Vocabularies ဝေါပာာရကြွယ်ဝမှု သည် ဖြေဆိုသူ၏ ပင်ကိုယ်စွမ်းရည်ကို အကဲဖြတ်နိုင်သည်။
5. No repeat = ထပ်ခါ ထပ်ခါ အသုံးပြုမယ့် အစား အဓိပ္ပါယ်တူ ပြီး စာလုံးပေါင်း ကွဲသည့် (Synonym) များကို ရွေးချယ် အသုံးပြုသင့်သည်။ သို.သော် Usage ကိုတော့ ပိုင်နိုင်ဖို.လိုပါမည်။
6. Presentation = Presentation to be clear ပေးထားသည့်မေးခွန်းပုံကို ရှင်းလင်းတင်ပြရာတွင် စာစစ်သူကို ဆိုလိုရင်းအဓိပ္ပါယ်အား တိတိကျကျနှင့် ရှင်ရှင်းလင်းလင်း ဖြေဆိုသင့်သည်။
Writing Task 1 ကို ဖြေဆိုရာတွင်
Task 1 အတွက် ဖြေဆိုသူများ အနေနှင့် မေးခွန်း ၏ သဘော သဘာဝကို သတိပြုပြီး ဖြစ်ကောင်းဖြစ်ပေမည်။ မေးခွန်း ကပင် Summarize ၊ Main Features၊ Reportတို.ဖြင့် ချုပ်ထားသောကြောင့် ပါသင့်သည်များကို အတိုချုပ်ပြီး တင်ပြပုံ ပြေပစ်ရမည်။
စာရေးသူနေနဲ့ အကြံပြုချင်သည် မှာ
Task 1 ရဲ့ မေးခွန်းကို ပြည့်စုံစွာ ဖြေဆိုနိုင်ရန် I O D C နဲ့ သွားသင့်ပါသည်။
1. I = Introduction (နိဒါန်း - အကြောင်းအရာ၊ နေရာ ၊ အချိန် တို.ကို သာ ဖော်ပြရုံနဲ.ပြည့်စုံသည်။)(မှတ်ချက် - နေရာ နှင့် အချိန် သည် မေးခွန်းက ဖော်ပြမှသာ ထည့်သွင်း ဖော် ပြရန်)
2. O = Overview (မေးခွန်း ၏ အဓိကအကြောင်းအရာ ကို ချုံငုံ ၍ ရေးသားရန်)
3. D = Details ( အရေးကြီးသည့် အကြောင်းအရာကို အသေးစိပ်ဖော်ပြရန်)
4. C = Conclusion (နိဂုံးချုပ်)
Playtech casinos and betting apps now live on Android - JTG Hub
ReplyDeleteYou can also get the 동두천 출장샵 following mobile-friendly, well-integrated 경산 출장마사지 app offerings in one convenient 태백 출장마사지 location: the main 춘천 출장안마 office of the 군포 출장마사지 company