Friday, June 25, 2010

Simple , Compound နဲ. Complex အကြောင်းကို ကဂနဏ လေ့လာထားသင့်ပါတယ်

စာဖတ်သူ၊ English ဘာသာရပ် ကို လေ့လာ နေသူများ အနေနဲ့ သိပြီး သား ဖြစ်တဲ့ Sentence အကြောင်း ဆွေးနွေးချင် ပါတယ်။ English ဘာသာ ရပ်တွင် Simple Sentence (ရိုးရိုး ဝါကျ)၊ Compound Sentence (စုပေါင်းဝါကျ) နဲ့ Complex Sentence (ရောယှက် ဝါကျ)ဆို ပြီး သုံးမျိုး ခွဲထားပါတယ်။ သို့သော် ခေတ်သစ် English သဒ္ဒါ စာအုပ်တွေမှာ တော့ Complex Sentence ကို Compound အုပ်စု ထဲ ထည့်သွင်းကြပါတယ်။ Compound Complex Sentence ဆိုပြီးတော့ Conjunctions ကြောင့် ခွဲထွက်သွားပါ သေးတယ်။ ယေဘုယျ အနေနဲ့ တော့ Sentence (၃) မျိုးပဲ အခြေခံ ပါတယ်။

Three Types of Sentence
1. Simple Sentence (ရိုးရိုး ဝါကျ)
2. Compound Sentence (စုပေါင်း ဝါကျ)
3. Complex Sentence (ရောယှက် ဝါကျ)

1. Simple Sentence (ရိုးရိုး ဝါကျ)

Simple Sentence က တော့ ရှင်းပါတယ်။ ကန့်သတ် ကြိယာ တစ်လုံး နဲ့ ကတ္တား တစ်ခု (ယောက်) သာပါ ရပါမယ်။အဲဒါ ကို Simple Sentence (ရိုးရိုး ဝါကျ) လို့ သတ်မှတ်ထားပါတယ်။ အောက် ပါ ဝါကျတွေ ကို လေ့လာ ကြည့်ပါ။

1. The rain came down with a vengeance.
မိုး က အငြိုးနဲ. ရွာချတယ်။
2. They called off the meeting.
သူတို. အစည်းအဝေးပွဲ ကို ဖျက်သိမ်းခဲ့တယ်။
3. I have just arrived.
ကျွန်တော် အခုလေးတင် ရောက်တာပါ။

အထက်ပါ ဝါကျ မှာ Predicate ကိုဆောင်ရွက်တာ ကို ဖော်ပြတဲ့ အနီရောင် နဲ့ ရေးထားတဲ့စာလုံးတွေက ကတ္တား တွေဖြစ်တယ်။ အပြာရောင်စာလုံး တွေကတော့ ကြိယာ တွေဖြစ်တယ် ဆို တာ စာဖတ်သူများ သိမှာပါ။ အဲဒီတော့ Simple Sentence ဆို တာ ကတ္တား တစ်ခု နဲ့ ကြိယာ တစ်ခု သာပါ ရမယ် ဆိုတာ ကို စာဖတ်သူများ သတိထားမိ ပါလိမ့်မယ်။

2. Compound Sentence (စုပေါင်း ဝါကျ)

Compound Sentence က တော့ Coordinate Clause တွေ နှစ်ခု (သို့) နှစ်ခု ထက်ပိုတဲ့ Clause တွေ ပေါင်းစပ်ထားတာပါ။ Coordinate Clause ဆို တာကတော့ Independent Clause လို့ လဲခေါ် ပါတယ်။

အောက်ပါဝါကျကို လေ့လာကြည့်ပါ။
She tried hard, but she failed the exam.
ဝါကျ တွင် finite verbs ဖြစ်တဲ့ (tried, failed) နှစ်လုံး ရှိပါတယ်။ Verb ကတစ်ခု ထက်ပိုနေတော့ ရိုးရိုးဝါကျ မပာုတ်ပါဘူး။ ဝါကျ နှစ်ကြောင်း ကို Conjunction ဖြစ်တဲ့ but နဲ့ ဆက်ထားတာပါ။ ဝါကျ ကို ခွဲထုတ် လိုက်မယ်ဆို ရင်

She tried hard. She failed the exam. ဆိုပြီးရမှာပါ။

Compound Sentence ဖြစ် ရတဲ့ အကြောင်းရင်း သည် Coordinate Conjunction ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Coordinate Conjunction တွေကို အလွတ်ကျက်မှတ်ထားစေ ချင်ပါတယ်။
Coordinate Conjunction တွေကို အုပ်စု (၅) ခု ခွဲ ပြီးမှတ် ထားသင့်ပါတယ်။
အတိုကောက်(Acronym) နေနဲ့ C A C A I လို့မှတ်ပါမယ်။

1. C = Cumulative Conjunction (စုစည်း ပေးသော စကားဆက်)
2. A = Alternative Conjunction (ရွေးချယ်ခွင့် ရှိသော စကားဆက်)
3. C = Two or more Conjunction (နှစ်ခု သို့မပာုတ် နှစ်ခုထက်ပို သော စကားဆက်)
4. A = Adversative Conjunction (ဆန့်ကျင်သော စကားဆက်)
5. I = Illative Conjunction (အကျိုးအကြာင်း ဆင်ခြင်မှုပြသော စကားဆက်)
တွေပဲ ဖြစ်တယ်။

1. Cumulative Conjunctions (စုစည်းပေးသော စကားဆက်)

and, both….and, and…also, as well as , not only…but, not only…but also, together with …စသည် တို့ဖြစ်တယ်။ ( Acronym အနေနဲ. together with banana လို.မှတ်ရင် ပို လွယ်ပါလိမ့်မယ်။)
ဒီ Conjunction တွေ အားလုံး က စုစည်း မှုကိုပြတဲ့ အဓိပ္ပါယ်ရှိ ကြတာ အားလုံးလဲ သိပြီးသားပါ။ ဝါကျတွင်ထည့် သွင်း အသုံးပြုပုံ ကို နောက် သင်ခန်းစာတွင် ထပ်မံဖတ်ရှုပါ။ ဒီအပါတ် အတွက်တော့ Compound Sentence ဖြစ်စေတဲ့ Coordinate Conjunctions တွေကိုတာ List လုပ်ပေးသွားပါမယ်။

2. A = Alternative Conjunction (ရွေးချယ်ခွင့် ရှိသော စကားဆက်)

or, nor, either…or, neither…nor, else, otherwise, rather…than စသည်တို့ဖြစ်တယ်။ အကြောင်းအရာတွေ ကို ရွေးချယ်ခွင့်ရှိစေတဲ့ သဘောတွေ သက်ရောက်ကြပါတယ်။ ( ei,nei,or,nor, o.r ,e လို.မှတ်ပေးပါ။)

3. C = Two or more Conjunction ( နှစ်ခု သို့မပာုတ် နှစ်ခု ထက်ပို တဲ့ စကားဆက်)

ဒါကတော့ Sentence တစ်ကြောင်းမှာ Coordinate Conjunctions တွေကို နှစ်ခု သို့ နှစ်ခုထက် ပို သုံးထားတဲ့ Sentence ကို ဆိုလိုတာပါ။ အောက်ပါ ဝါကျကို လေ့လာကြည့်ပါ။

1. He was industrious and intelligent, but he failed the exam.
သူဝီလိရ ရှိပြီး ဉာဏ်ကောင်း ခဲ့တယ် ဒါပေမယ့် သူစာမေးပွဲ ကျခဲ့တယ်။

Sentence မှာ and (Cumulative Conj) နဲ့ but (Adversative Conj) အသုံး ပြုထားပါတယ်။ အဲဒါကြောင့် ဒီ Sentence ပာာ Compound Sentence ဖြစ်တယ်။ ဒီနေရာမှာ ထည့်သွင်းပြောချင်တာ တစ်ခုရှိပါတယ်။ ဝါကျအမျိုးအစားကွဲ ရခြင်းပာာ ဆက်သွယ်အသုံးပြုမယ့် Conjunctions ပေါ်မူတည်ပါသေးတယ်။ ဥပမာ အနေနဲ့ Compound Complex ဝါကျတစ်ကြောင်း ဖြစ်စေတဲ့ ဝါကျကို လေ့လာကြည့်ပါ။

2. The lightening flashed and the rain fell as he entered the house.
သူအိမ်ထဲ ကို ဝင်သွားသောအခါ လျှပ်စီးလက်ပြီး မိုးရွာ ချခဲ့သည်။
( ဒီနေရာ မှာ as သည် While နဲ့ When ရဲ့ အဓိပ္ပါယ် ကို ရည်ညွန်းပါတယ်။ for (Coordinate Conj) တို့ because (Subordinate Conj) တို. ရဲ့ အဓိပ္ပါယ် ကို ယူထားခြင်းမပာုတ်။)

ဒီ ဝါကျတွေမှာပါတဲ့ အပြာရောင်စာလုံးတွေ ပာာ Independent clauses (Coordinate clauses)
တွေဖြစ်ပြီး Coordinate Conj ဖြစ်တဲ့ အနီရောင်စာလုံး and နဲ့ဆက်ထားတော့ Compound Sentence ဖြစ်ပါတယ်။ အနောက်ကနေ as (Subordinate Conj) ကြောင့် as he entered the house က Complex Sentence ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဝါကျကို Compound Complex Sentence လို.ခေါ်ပါတယ်။ (Subordinate Conjunctions အကြောင်းကို နောက်သင်ခန်းစာတွင် ထပ်မံဖတ်ရူပါ။)

4. A = Adversative Conjunction (ဆန်.ကျင်မှုကို ပြသော စကားဆက်)

Adversative Conjunctions တွေကတော့ ဆန်.ကျင်မှုအဆို တွေကို ဆက်သွယ်ပေးပါတယ်။ ဆန်.ကျင်မှု အဓိပ္ပါယ်ကို ပြတဲ့ Conjunctions တွေကတော့
despite, but, still, yet, only, whereas, nevertheless, however … စသည်တို.တွေပဲဖြစ်တယ်။

5. I = Illative Conjunction (အကျိုးအကြာင်း ဆင်ခြင်မှုပြသော စကားဆက်)

အကျိုးအကြာင်း ကို ဆင်ခြင်မှုအနေ နဲ. ဆက်သွယ်ပေးတဲ့ စကားဆက်တွေပဲဖြစ်ပါတယ်။ ဖော်ပြပါ
စကားဆက်တွေက်ု ကျက်မှတ်ထား ပေးပါ။
therefore, for, so, then, thus … တို.ဖြစ်ပါတယ်။

အုပ်စုအလိုက် ပါရှိတဲ့ စကားဆက်တွေကို ဝါကျတစ်ခုချင်းစီ တွင် ထည့်သွင်းအသုံးပြုပုံ နှင့် Complex Sentence အခန်းတွေကို နောက်လာမယ့် သင်ခန်းစာတွင် ဆက်လက် ဆွေးနွေးပါမယ်။ ဒီ အပတ် အတွက် အချုပ်ဆိုရသော် Simple Sentence သည် ကန်.သတ်ထားသော Subject တစ်ခု နှင့် ကန်.သတ် ကြိယာ တစ်ခုသာ ပါရပါမယ်။ Compound sentence နှင့် Complex Sentence သည် Coordinate Conjunctions နှင့် Subordinate Conjunctions ကြောင့်သာဖြစ်တယ်။ ဒီနေရာ မှာ တစ်ခုပြောချင်တာ က Correlative Conjunctions ပါ။ သူ ကတော့ အတွဲလိုက် အသုံးပြုရတဲ့ မည်သည့် Conjunctions ကိုမဆို ဆိုလိုတာပါ။ ဥပမာ နေနဲ့ both..and.. (Coordinate Conj) နဲ. So…that (Subordinate Conj) တို့ဖြစ်ပါတယ်။ ပေးထားတဲ့ Coordinate Conjunctions တွေကို သေသေချာချာ ကျက်မှတ်ထားစေချင်ပါတယ်။ နောက်လာ မယ့် သင်ခန်းစာ မှာ Subordinate Conjunctions များနဲ.ရောထွေးနိုင်တာကြောင့်ပါ။ အထက်မှာ ဖော်ပြထားတဲ့ အဓိပ္ပါယ် ချင်းတူ ကြတဲ့ for နဲ. because ပာာ Conjunction အမျိုးအစားမတူ တာ ကြောင့် Compound နဲ. Complex ကွဲသွားပါတယ်။ ယခု အပတ် အတွက် စာဖတ်သူများ အနည်းငယ်မျှ အကျိုး ရှိမယ်ဆိုရင် စာရေးသူ ကြိုးစားရ ကျိုးနပ်ပါတယ်။ စာဖတ်သူများ ဆွေးနွေးတိုင်ပင်စရာ၊ အကြံပြုစရာ များ ရှိခဲ့လျှင် ဆွေးနွေးအကြံပြု ပေးပါ။

No comments:

Post a Comment