Sunday, August 15, 2010

Help ၏ အသုံးများသော Usage တစ်ချို. နှင့် Patterns များ

ဒီအပတ်မှာ တော့ နေ့စဉ်သုံး စကားပြောမှာ ရော၊ အရေးမှာ ပါ အကျိုးရှိစေမယ့် Help ၏ အသုံးပြုပုံ အချို.ကို ဆွေးနွေးချင်ပါတယ်။ I can’t help doing something. ဆိုတဲ့ ဝါကျ ကို လေ့လာကြည့်တဲ့အခါ တိုက်ရိုက် ဘာသာပြန် ကြည့်မယ်ဆိုရင် အဆင်မပြေပါဘူး။ တစ်စုံတစ်ခုလုပ်ခြင်းမှာ ငါမကူညီနိုင်ဘူးလို. ပြန်စရာဖြစ်တတ်ပါတယ်။ အကြောင်းကတော့ can’t help သည် Idiom ဖြစ်နေတာကြောင့်ပါ။ Idiom ၏ သဘောသည် စကားစုများကို တိုက်ရိုက် အဓိပ္ပါယ်ပြန်မရခြင်း ကို ဆိုလိုပါသည်။ Help သည် Verb အနေနှင့် ကူညီသည်။ ပာု အဓိပ္ပါယ် အပြင် Idiom အနေနှင့် အသုံးပြုသည့် အခါ တတ်နိုင်သည်။ ပာုပါ တွဲမှတ်ထားလျှင် စာဖတ်သူများ လေ့လာရလွယ်ကူပါလိမ့်မည်။

I can’t help doing something သည် I can’t stop myself from doing something ကိုဆိုလိုတယ်။ ဆိုလိုတာ က တစ်ခုခု လုပ်ခြင်းမှ ကိုယ့်ကိုကိုယ်မရပ်နိုင်(တစ်စုံတစ်ခုကို မလုပ်ဘဲမနေနိုင်ဘူး) လို.ဆိုလိုတာပါ။ ဥပမာ အနေနဲ.ကြည့်မယ်ဆိုရင်

I tried to be serious but I couldn’t help laughing.
ငါ အလေးအနက်ထားဖို. ကြိုးစားခဲ့တယ် ဒါပေမယ့် ငါ မရယ်ဘဲမနေနိုင်ခဲ့ဘူး။

Gerund (-ing) လိုက်တဲ့အခါ မလုပ်ဘဲမနေနိုင် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ လက်တွေ. အသုံးချတတ်အောင် ဥပမာ ဝါကျများကို ထပ်မံလေ့လာကြည့်ပါ။

1. သူ သူမကို မချစ်ဘဲ မနေနိုင်ဘူး။
He can’t help falling in love with her.

2. ငါ ဒီသတင်းကို သူ.ကို မပြောဘဲ မနေနိုင်ဘူး။
I can’t help telling him this news.

3. My mother is a good cook. I can’t help eating everything she serves.
ကျွန်တော်၏ အမေ ပာာ အချက်အပြုတ်ကောင်းသူတစ်ယောက်ပါ။ သူမချက်ပြုတ်သည့် ပာင်းတိုင်းကို ကျွန်တော် မစားပဲ မနေနိုင်ပါဘူး။

4. Since Marry loves to shop, she can’t help spending money.
မယ်ရီ သည် ဈေးဝယ်ထွက်ရတာကို နှစ်သက်တာကြောင့် သူမသည် ပိုက်ဆံကို မဖြုန်းပဲ မနေနိုင်ပါ။

ဒီလောက်ဆိုရင် စာဖတ်သူများ သဘောပေါက်နားလည်ပါလိမ်.မယ်။ တစ်ခုခုကို မလုပ်ဘဲ မနေနိုင်(မတတ်နိုင်) လို. အဓိပ္ပါယ်နေနဲ. ပြောချင်တဲ့အခါမှာ can’t +help+ Gerund(-Ving) ပုံစံကို သုံးတယ်ဆိုတာ ကျက်မှတ်ထားစေချင်ပါတယ်။

Can’t+help+Gerund (-Ving) ပုံစံသည် Can’t+help+ but +Infinitive ပုံစံနှင့် အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။

e.g. 1. Bob is a tennis fan and can’t help but travel to Wimbledon each year.
ဘော့ သည် တင်းနစ် ဝါသနာအိုးဖြစ်သည်။ နှစ်တိုင်း Wimbledon သို. မသွားပဲမနေနိုင်ပါ။ (ပြိုင်ပွဲကြည့်ရန်)

2. Since Bob is a tennis fan, he can’t help travelling to Wimbledon each year.
ဘော့ သည် တင်းနစ် ဝါသနာအိုးဖြစ်သောကြောင့် နှစ်တိုင်း Wimbledon သို. မသွားဘဲ မနေနိုင်ပါ။

Help ၏ အနောက်တွင် Infinitive သည် to ပါသည် ဖြစ်စေ ၊ မပါသည် ဖြစ်စေ လိုက်နိုင်ပါသည်။ အောက်ပါဝါကျကိုလေ့လာကြည့်ပါ။

e.g. 1. I will help you (to) do it.
ငါမင်းကို အဲဒါကိုလုပ်ဖို. ကူညီမယ်။

2. Everybody helped her (to) clean up.
လူတိုင်း က သူမကို သန်.ရှင်းရေးလုပ်ဖို. ကူညီခဲ့ကြသည်။

3. Everybody helped (to) clean up.
လူတိုင်း က သန်.ရှင်းရေးလုပ်ဖို.ကူညီခဲ့ကြသည်။

ယခုဆွေးနွေးထားတဲ့ Help နှင့် ပတ်သက်သည့် Pattern သုံးမျိုးကို
1. can’t+help+(-ing)
2. can’t help but + infinitive
3. help+(obj)+(to)+infinitive
သေချာလေ့လာထားစေချင်ပါသည်။ ကြိယာ တစ်လုံး၏ အနောက်တွင် နောက် ကြိယာတစ်လုံး က ထပ်လိုက်ချင်သောအခါ Gerund ပုံစံ (သို.) infinitive ပုံစံတစ်ခုခု နှင့် လိုက်ရပါသည်။ English ဘာသာစကားတွင် ဥပဒေသများရှိပါသည်။ Gerund သာလိုက်ရသော ကြိယာ အချို.ရှိသလို Infinitive သာလိုက်ရသောကြိယာများလည်း ရှိပါသည်။ အချို.ကြိယာများ မှာ ပုံစံနှစ်မျိုးလုံးလိုက်နိုင်ပြီး အဓိပ္ပါယ်ပြောင်းလဲ မှုရှိသော ကြိယာများရှိသလို အဓိပ္ပါယ်မပြောင်းသည့် ကြိယာများလည်း ရှိသည်။

1. Keep smiling! ( Keep to smile - မပာုတ်ပါ။)
ပြုံးထားပါ။

2. Did you enjoy reading the book? ( Did you enjoy to read the book? - မပာုတ်ပါ။)
ဒီစာအုပ်ကို ဖတ်ရတာ ကြိုက်ရဲ့လား။

3. It seems to be a nice day. ( It seems being a nice day - မပာုတ်ပါ။)
သာယာတဲ့ နေ.တစ်နေ.ဖြစ်မယ်လို. ထင်ရတယ်။

4. It started to rain/ raining. (နှစ်မျိုးလုံးသုံးနိုင်ပါသည်။ အဓိပ္ပါယ်ပြောင်းလဲမှု မရှိ)
မိုးစရွာခဲ့သည်။

5. I now regret saying what I said.
ငါ ပြောခဲ့မိတဲ့ အကြောင်းအရာကိုပြောရမှာ မို. ငါ အခု စိတ်ထိခိုက်တယ်။ (မှတ်ချက်- တစ်စုံတစ်ခု ပြုလုပ်ခဲ့မိသည်နှင့် ပတ်သက်၍ စိတ်မကောင်း)

6. I regret to tell you that you have failed the test.
မင်း စာမေးပွဲကျရှုံး ခဲ့တယ်ဆိုတာကို မင်းကိုပြောဖို. ငါ စိတ်မကောင်းပါဘူး။ (မှတ်ချက် - တစ်စုံတစ်ခုကို အသိပေးရမှာ ဖြစ်သောကြောင့် စိတ်မကောင်း)

Gerund သာလိုက်ရမည့် ကြိယာများနှင့် infinitive သာလိုက်ရမည့် ကြိယာများ အရေအတွက်မှာ
အနည်းငယ်များသောကြောင့် ဒီဆောင်းပါး တွင် အနည်းငယ်သာဖော်ပြ လိုက်ပါသည်။ စာဖတ်သူများ လိုအပ်ပါက စာရေးသူထံတို. ဆက်သွယ် တောင်းယူနိုင်ပါသည်။ စာဖတ်သူများ သိပြီးသားဖြစ်သည့် Help yourself. သည် Please feel free to + infinitive ဆိုတာမျိုးတော့ လေ့လာထားသင့်ပါသည်။ အသုံးများ သည့် Usages များကို လေ့လာထားခြင်းဖြင့်
စာဖတ်သူများ အကျိုးဖြစ်ထွန်းပါစေ။

Thursday, August 12, 2010

IELTS - Reading ကိုပြင်ဆင်ခြင်း

Reading ကိုဖြေဆိုရာတွင် IELTS ကို လေ့လာနေသူများ၊ ဖြေဆိုမည့် ကျောင်းသားများ ကြိုတင်ပြင်ဆင်သင့် သည့် အကြောင်းအရာများကို ဆွေးနွေးသွားဖို. ရည်ရွယ်ပါသည်။ Reading Module သည် ဖြေဆိုချိန် မိနစ် (၆၀)ကြာမည် ဖြစ်သည်။ မေးခွန်းစာရွက်ပေါ်တွင် ဖြေဆိုသူမှာ ရေးမှတ်နိုင်သော်လည်း အခန်းအပြင်သို. ယူဆောင်သွားခွင့်မရှိပါ(စာမေးပွဲဖြေဆိုပြီးသော်လည်း)။ ဖြေဆိုသူမှာ Answers များကို Answer Sheet ပေါ်သို. ရေးသားရပါမည်။ Listening ကဏ္ဏ နှင့် မတူ သည်မှာ ဖြေဆိုသူမှာ Answers များကို Answer Sheet ပေါ်သို. လွဲပြောင်းချိန် 10 mins ပေးမည်မပာုတ်ပါ။ စာပိုဒ်ကြီး (၃)ပိုဒ် ကိုဖတ်ရန်၊ မေးခွန်းကို ဖြေဆိုရန် နှင့် အဖြေရေးရန် အတွက် မိနစ် (၆၀) ပေးထားပါသည်။
Reading ကဏ္ဏ တွင် မေးလေ့ရှိသော မေးခွန်းများကို ဖြေဆိုမည့်သူများ အနေနဲ့ ရင်းနှီးကျွမ်းဝင်နေဖို.အရေးကြီးပါသည်။ များသောအားဖြင့် မေးလေ့ရှိသောမေးခွန်းများမှာ (၁၁)မျိုးရှိပါသည်။
1. Multiple-choice questions
2. Short-answer questions
3. Completing sentences
4. Completing notes, summary, tables, flowcharts
5. labeling diagrams
6. Choosing headings of paragraphs or sections of a text
7. Locating information
8. Identifying points of view
9. Identifying writer's claims
10. Classifying information
11. Matching lists or phrases
တို.ဖြစ်ပါသည်။

IELTS စားမေးပွဲမဖြေမှီ ပြုလုပ်လေ့ကျင့်သင့်သည်များ
1. Read as much as you can
(သင် ဖတ်နိုင်သလောက်များများ ဖတ်ပါး)
2. Keep a notebook of the words you learn
(လေ့လာဖတ်ရှုမိသည့် စကားလုံးများကို မှတ်စုစာအုပ် အဖြစ် သိမ်းပါ။)
3. Try to write these words into a sentence and put these sentences into a paragraph
(ထိုစကားလုံးများကို ဝါကျတွင် ပြန်လည်တည်ဆောက်ပြီး ယင်းဝါကျများကို စာပိုဒ်တွင် ထည့်သွင်း တတ်အောင် ကြိုးစားပါ။)
4. Learn words from context - not from a word list
(စာပိုဒ်များတွင်ပါဝင်သည့် စကားလုံးများကို လေ့လာမှတ်သားပါ- စကားလုံး စာရင်းအုပ်စုမှ မလေ့လာပါနှင့်)
5. Know the types of questions found on the IELTS test
(IELTS မေးခွန်းတွင် မေးသော မေးခွန်းပုံစံများကို သိအောင်လုပ်ပါ။)
6. Know the type of information sought on the IELTS test
(IELTS မေခွန်းတွင် တွေ.ရမယ့် သတင်းအချက်အလက်ပုံစံများကို သိအောင်လုပ်ပါ။)
7. Know how to make predictions
(မှန်းဆချက်များကို ဘယ်လိုချရမည်ကို သိအောင်လုပ်ပါ။)
8. Know how to skim and scan, to look quickly for information
(သတင်းအချက်အလက်များကို ရှာဖွေတတ်ရန် အပေါ်ယံယှက်၍ ကြည့်ရှုတတ်အောင်လုပ်ပါ။)

တို.ဖြစ်ပါသည်။
(ဆက်လက်ရေးသားပါမည်။)

Tuesday, July 13, 2010

နေ.စဉ်ပြော Small Talk အတွက် လေ့လာပြင်ဆင်သင့်သော အကြောင်းအရာ နှင့် အသုံးအနှုန်းများ

စာရေးသူအနေနဲ.ဒီပို.စ်ကို နေ.စဉ်ပြောဆိုသော Spoken English အတွက် အကျိုးရှိလိမ့်မည် ပာု ယုံကြည်ပါတယ်။ စကားပြောဆို ပိုင်နိုင်ရန် အတွက် ပြောဆိုပုံ Pattern တွေကို တည်ဆောက်တတ်ရုံတင် မက ၊ အကြောင်း အရာများကို လဲ ရှာဖွေပြောဆိုတတ်မှု မှာ စကားပြောကောင်းသူ၊ စကားပြောကျွမ်းကျင်သူ Eloquent ဖြစ်သည် ပာု ယူဆနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် Pattern တွေကို တာ နားလည်ပြီး ပြောဆို ရာ အကြောင်းအရာ မရှိလျှင်၊ ပြောလေ့မရှိလျှင် အထစ်ထစ် ငေါ့ငါ့ဖြစ်နေမည်ဆိုတာ စာဖတ်သူများကြုံဖူးပေလိမ့်မည်။ ထို.ကြောင့် ယခု ကဏ္ဏ တွင် စာရေးသူ နေနှင့် စကားပြောဆိုရာတွင် ပါဝင်နိုင်မည့် အကြောင်းအရာနှင့် ပြောဆိုရမယ့် Usages များကို ဆွေးနွေးသွားပါမည်။ တစ်နေ.တာအတွက် ယေဘုယျ အားဖြင့် အကြောင်းအရာများ မှာ အောက်ပါအတိုင်းဖြစ်နိုင်သည်။

1. Talking about the Weather (ရာသီဥတုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း)
2. Talking about the current Events (လတ်တလော ဖြစ်နေတာနှင့် ပတ်သက်တဲ့ အကြောင်းအရာများကို ပြောခြင်း)
3. At the office (လုပ်ငန်းခွင် ရုံးတွင်)
4. At a social event (လူမူရေး အကြောင်းအရာတစ်ခုတွင်)
5. Out for a walk (အပြင်သို. လမ်းလျှောက်ထွက်ရာတွင်)
6. Waiting somewhere (တစ်နေရာရာတွင် စောင့်ဆိုင်း နေခိုက်)
တို.ဖြစ်ပါတယ်။

1. Talking about the Weather (ရာသီဥတုနှင့် ပတ်သက်ပြီးပြောဆိုခြင်း)
Conversation Starter တစ်ယောက်နေနှင့် စကားစတင်ပြောဆိုရန် အတွက် အောက်ဖော်ပြပါ များကို လေ့လာကျက်မှတ်ထားပေးစေချင်ပါသည်။

a. It's a Beautiful day, isn't it?
သာယာတဲ့နေ.တစ်နေ.ပဲနော်၊ ပာုတ်တယ်မပာုတ်ဘူးလား။
b. It looks like it is going to snow.
နှင်းကျတော့မယ်လို. ထင်ရတယ်။
c. It sure would be nicer to be in Hawaii right about now.
အခုအချိန်များ Hawaii မှာတာ ရှိမယ် ဆိုရင် ပိုကောင်းမှာသေချာတယ်။
d. We couldn't ask for a nicer day, could we?
ပိုကောင်းတဲ့နေ.ကို ငါတို.မရနိုင်ဘူး ပာုတ်တယ်မလား၊
e. How about this weather?
ဒီရာသီဥတု ကရော (ဆိုးလား၊ ကောင်းလား)
f. Did you order this sunshine?
ဒီလိုနေသာ တာကို မင်း မှာယူထားတာလား၊ (လောကွတ်ပြုတဲ့ စကားဖြစ်တယ်.. ဆိုလိုရင်း ကတော့ ဒီနေ. နေ သာတယ် လို.ပဲဆိုလိုတာပါ။)
(ဆက်လက်ရေးသားပါမည်။)

Monday, July 12, 2010

Complex Sentence အကြောင်းကိုလေ့လာကြည့်ရအောင်

စာရေးသူနေနဲ. ပထမပိုင်းမှာ Simple Sentence နဲ. Compound Sentence အကြောင်းကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ်အတွက်တော့ Complex Sentence အကြောင်းကို ဆွေးနွေး ချင်ပါတယ်။ Complex Sentence ဝါကျကို ရောယှက်ဝါကျလို.ခေါ်ပါတယ်။ Complex Sentence တစ်ကြောင်း သည် Main Clause (ပင်မဝါကျ) နှင့် Dependent Clause (or) Subordinate Clause (မှီခိုဝါကျ (ဝါ) လက်အောက်ခံဝါကျ) တို. ပေါင်းစပ်ခြင်းကြောင့်ဖြစ်တယ်။ အောက်ပါဝါကျကို လေ့လာကြည့်ပါ။

e.g. A. He achieved what he့ had expected.
သူမျှော်လင့်ထားခဲ့တဲ့ အရာကို သူရရှိအောင်မြင်ခဲ့တယ်။
B. He is the one whom the police suspected of murder.
သူ က လူသတ်မှုအတွက် ရဲတွေက သံသယရှိခဲ့တဲ့လူဖြစ်တယ်။
C. The students can go out after they have finished their homework.
ကျောင်းသားများ အိမ်စာလုပ်ပြီးရင် အပြင်ထွက်နိုင်တယ်။

ဥပမာဝါကျ A. ကိုကြည့်မယ်ဆိုရင်.. He achieved - (သူရရှိအောင်မြင်ခဲ့သည်) ဆိုတဲ့ဝါကျ က အဓိပ္ပါယ်ပြည့်စုံပြီး သီးခြားရပ်တည်နိုင်လို. Main Clause (or) Principle Clause(ပင်မ ဝါကျ) လို.ခေါ်ပါတယ်။ ဒါပေမယ့် what he had expected - ( သူမျှော်လင့်ထားခဲ့တဲ့ အရာ) ဆိုတဲ့ စကားစု က ဝါကျ အနေနဲ့ သီးခြားရပ်တည်လို. မရတဲ့ အတွက် မှီခိုဝါကျ ဖြစ်ပါတယ်။ မှီခိုဝါကျ (Subordinate Clause) ကြောင့် တာ Complex Sentence ဖြစ်ရခြင်းဖြစ်တယ်။ Subordinate Clause တွေကတော့

1. Noun Clauses
2. Adjective Clauses
3. Adverb Clauses
ဖြစ်ပါတယ်။

1. Noun Clause
Noun Clause တွေပာာ Sentence တစ်ကြောင်းမှာ Subject Pattern အနေနဲ့ရော Object Pattern အနေနဲ့ပါ ရပ်တည် နိုင်ပါတယ်။

အထက်ဖော်ပြပါ ဥပမာထဲ က A ဝါကျကို ကြည့်မယ်ဆိုရင်
1. He achieved what he had expected
achieved ဆိုတဲ့ ကြိယာ (Verb) ရဲ့ သက်ရောက်မှုကို ခံရတဲ့ ကံပုံစံ (Object Pattern) က what he had expected ဆိုတဲ့ Noun Clause ဖြစ်နေပါတယ်။ နောက်ထပ်ဝါကျတစ်ကြောင်းကို ထပ်ကြည့်မယ်ဆိုရင်


2. What she wants to be in life always makes her motivated
ဘဝမှာ သူ(မ)ဖြစ်ချင်တဲ့ အရာ က သူ.ကို တွန်းအားပေးစေတယ်။

ဝါကျမှာ ပါတဲ့ makes ဆိုတဲ့ ကြိယာကိုဖြစ်စေတဲ့ ကတ္တားပုံစံ (Subject Pattern) က What she wants to be in life ဆိုတာဖြစ်လို. Noun Clause ဖြစ်တယ်။
Noun Clause ကိုဖြစ်စေနိုင်တဲ့ Subject Pattern နဲ့ Object Pattern အပြင် တစ်ခြားအကြောင်း အရင်းတွေက တော့ Subject Complement, Object of a preposition နဲ့ Adjective Complement တို့ဖြစ်ပါတယ်။ တစ်ခုချင်း အသေးစိတ် အကြောင်းအရာကိုတော့ နောက်သင်ခန်းစာ၏ သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ ထပ်ပြီးဖတ်ရှုပါ။


2. Adjective Clause
Adjective Clause ကို Relative Clause လို.လဲ ခေါ်ပါတယ်။ Adjective ဆိုတဲ့သဘော က Noun ကို အထူးပြုပေးတယ်ဆိုတာ စာဖတ်သူများသိပြီးဖြစ်မှာပါ။ Relative Pronouns ဖြစ်တဲ့ (Who, Whom, That, Why, Which, Whose, When, Where, How) တို.နဲ့ တည်ဆောက်ထားတဲ့ Subordinate Clauses တွေကြောင့် Adjective Clause ဖြစ်ရတာပါ။ အောက်ပါ ဥပမာ များကို လေ့လာကြည့်ပါ။

1. I know a person who/that can help you.
မင်းကို ကူညီနိုင်မယ့်လူတစ်ယောက်ကို ငါသိတယ်။

2. I know a person whom/that you can help.
မင်းကူညီနိုင်မယ့်လူတစ်ယောက်ကို ငါသိတယ်။

3. I know a person whose advice I can trust.
မင်းယုံကြည်နိုင်မယ့် အကြံဉာဏ် မျိုးရှိတဲ့ လူကို ငါသိတယ်။

4. I know a person to whom I can refer you.
မင်းကို ရည်ညွန်းနိုင်မယ့် လူတစ်ယောက်ကို ငါသိတယ်။

5. I know a person whom I can refer you to.
မင်းကို ရည်ညွန်းနိုင်မယ့် လူတစ်ယောက်ကို ငါသိတယ်။ (Preposition “to” ကို Relative Pronoun နှင့် တွဲပြီး ရေးနိုင်သလို ခွဲပြီး လဲရေးနိုင်သည်ကို သတိပြုပါ။ အဓိပ္ပါယ်တော့ အတူတူဖြစ်ပါတယ်။)

6. I can’t afford a car which/that I really want.
ငါတကယ့်ကို လိုချင်တဲ့ ကား ကို (ဝယ်ဖို့) မတတ်နိုင်ဘူး။

7. I do not know the time when they are leaving for Myanmar.
သူတို. မြန်မာပြည်ကို ထွက်ခွါမယ့် အချိန်ကို ငါမသိဘူး။

8. Can you tell me the reason why you look so down?
မင်းစိတ်ဓါတ်ကျနေရတဲ့ အကြောင်းရင်းကို ငါ့ကိုပြောနိုင်မလား။

9. Please show me the method how you make cakes.
မင်း ကိတ်မုန်.ကို ဘယ်လိုလုပ်တယ်ဆိုတဲ့ နည်းလမ်းကို ကျေးဇူးပြုပြီးပြပေးပါ။

အထက်ဖော်ပြပါ ဝါကျတွေထဲမှာ Relative Pronouns တွေနဲ့စထားတဲ့ Adjective Clause (အပြာရောင်) တွေက အရှေ့ မှာရှိတဲ့ Noun ကို အထူးပြုကြပါတယ်။ Adjective Clause ပာာ Complex Sentence ဖြစ်စေတာ ကြောင့် အထက်ပါ ဝါကျတွေအားလုံး ပာာ Complex Sentences တွေဖြစ်ပါတယ်။

3. Adverbs Clause

အရှေ့ဆောင်းပါးမှာ Compound Sentence ဖြစ်စေတဲ့ အကြောင်းပာာ Coordinate Conjunctions (Acronym အနေနဲ့ CACAI) ဆိုတာကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ယခု Complex Sentence ဖြစ်စေတဲ့ နောက်ထပ်အကြောင်းတစ်ချက် ကတော့ Subordinate Conjunctions ကြောင့်ဖြစ်ပါတယ်။ Subordinate Conjunctions တွေကို ခွဲထုတ်လိုက်မယ်ဆိုရင်…

1. Time (အချိန်ပြ စကားဆက်များ)
2. Reason (အကြောင်းပြ စကားဆက်များ)
3. Purpose (ရည်ရွယ်ချက်ပြ စကားဆက်များ)
4. Result or Consequence (အကျိုးဆက်ပြ စကားဆက်များ)
5. Condition (အခြေအနေပြ စကားဆက်များ)
6. Concession (လိုက်လျောမှုပြ စကားဆက်များ)
7. Comparison (နှိုင်းယှဉ်မှုပြ စကားဆက်များ)
8. Extent or Manner (အတိုင်းအတာ သို.မပာုတ် အမှုအရာပြစကားဆက် များ)

တို.ရပါမယ်။

1. Time (အချိန်ပြ စကားဆက်များ)
As, till, until, while, before, as soon as, after, when, by the time, whenever, since, ,as long as
တို.ဖြစ်သည်။

2. Reason (အကြောင်းပြ စကားဆက်များ)
As, since, because, lest, now that, as long as, inasmuch as, for the time being
စသည်တို.ဖြစ်သည်။

3. Purpose (ရည်ရွယ်ချက်ပြ စကားဆက်များ)
that, so that, in order that စသည်တို.ဖြစ်သည်။

4. Result or Consequence (အကျိုးဆက်ပြ စကားဆက်များ)
so…that, such…that တို.ဖြစ်ပါသည်။

5. Condition (အခြေအနေပြ စကားဆက်များ)
If, Only if, Unless, Whether or not, even if, providing (that), provided (that), in case, in the event (that) စသည်တို. ဖြစ်သည်။

6. Concession (လိုက်လျောမှု ပြ စကားဆက်များ)
Though, although, even though, whereas, while စသည်တို.ဖြစ်သည်။

7. Comparision (နှိုင်းယှဉ်မှုပြ စကားဆက်များ)
As…as, than တို့ဖြစ်သည်။

8. Extent or Manner (အတိုင်းအတာ သို.မပာုတ် အမူအရာပြ စကားဆက်များ)
As, as…so, so far as, according as စသည်တို.ဖြစ်သည်။

စာရေးသူ အနေနဲ့ ဒီအပါတ်တော့ ဒီမှာပဲ ခဏရပ်ထားပြီး Coordinate Conjunctions (CACAI) နဲ့ Subordinate Conjunctions (TRPRC3E) တို. ရဲ့ Conjunctions များကို ဝါကျတွင်တည်ဆောက်ပုံများ ကို နောက်သင်ခန်း စာတွေမှာ ထပ်မံဆွေးနွေးပါမယ်။ Simple, Compound နှင့် Complex ကို ယေဘုယျ အနေနဲ့ တာ စာရေးသူ ဆွေးနွေးထားပါတယ်။ တစ်ခုချင်း ဆီ၏ ဝါကျတည်ဆောက်မှု ပုံစံကို ခေါင်းစဉ်အလိုက် သီခြား ဆောင်းပါး တွင်ထပ်မံ ဖတ်ရှုစေချင်ပါတယ်။ သို.မှသာ စာဖတ်သူ အနေ နှင့် ကဂနဏ သဘောပေါက်နားလည် မှာ ဖြစ်တယ်။ အထက်ပါ စကားဆက်များကို ကျက်မှတ်ထားခြင်း ဖြင့် စာဖတ်သူများ သည် မိမိလေ့လာနေသော စာကြောင်းများကို မည်သည့်ဝါကျ ဖြစ်သည်ကို ခွဲခြား သိမြင်ပါလိမ့်မယ်။ စာဖတ်သူများ အကျိုးဖြစ်ထွန်းပါစေ။

Wednesday, June 30, 2010

IELTS ၏ Speaking ကဏ္ဏ အတွက် အားကောင်းသော Adverbial Expression များ

Spoken English တွင် Adverbial Expressions သည် စကားပြောဆိုရာ တွင် အလွန်ထိရောက်မှု ရှိတယ်ဆိုတာကို English စာလေ့လာနေသူများ သိပြီးသားဖြစ်မှာပါ။ အဲဒါကြောင့် နေ.စဉ်စကားပြောမှာ ရော IELTS ဖြေဆိုမည့် ကျောင်းသားအတွက် ရော အကျိုးရှိစေမည့် အသုံးများသော Adverbs တွေကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ကျက်မှတ်ထားသင့်ပြီး Spoken English အတွက် အသုံးဝင်မယ့် Adverbs တွေက တော့

1. Somehow
တစ်နည်းနည်းဖြင့်။ ဘယ်နည်းနှင့်မဆို။ ဘာကြောင့်မှန်းမသိ။ (British အသုံးဖြစ်တယ်။
American နေနဲ.ကတော့ Somehow အစား Someway ကိုသုံးပါတယ်။)

e.g. 1. We must stop him from seeing her somehow.
ကျွန်တော်တို.တွေ သူ.ကို သူမကိုလာတွေ.တာ ဘယ်နည်းနဲ.မဆို ရပ်အောင်လုပ်ရမယ်။
2. Somehow I must get a new job.
ဘာကြောင့်မှန်းတော့မသိဘူး ငါ အလုပ်သစ်ရကို ရရမယ်ကွာ။
3. Somehow, I don't feel I can trust him.
ဘာကြောင့်မှန်းတော့မသိဘူး ငါသူ.ကို ယုံကြည်တယ်လို. မခံစားရဘူး။

2. Anyhow ( Anyway ပာုလဲသုံးသည်။)
၁. ထို.အပြင်၊ ဒါ့အပြင်(ရှေ.တွင်ဆိုပြီးသည်ကို အတည်ပြုသောအားဖြင့်သုံးသည်။) Besides နဲ.တူပါတယ်။
e.g It's too expensive and anyhow the color doesn't suit you.
အဲဒါ က သိပ်ဈေးကြီး တယ် ဒါ့အပြင် အရာင်ကလည်း မင်းနဲ. မလိုက်ဘူး။

၂. သို.ပေမယ့်
e.g The water was cold but I had a bath anyhow.
ရေတွေ အေးနေခဲ့တယ် သို.ပေမယ့် ငါ ရေချိုးခဲ့တယ်။

၃. ဘာပဲဖြစ်ဖြစ်
e.g Anyhow, let's forget about that for the moment.
ဘာပဲဖြစ်ဖြစ် အဲဒါကို ငါတို. တဒင်္ဂလောက် မေ.ထားကြစို.။
Anyhow, I'd better go now. I will see you tomorrow.
ဘယ်လိုပဲဖြစ်ဖြစ် အခု ငါသွားသင့်ပြီ။ မနက်ဖြန်မှ ငါမင်းကို လာတွေ.မယ်။

၎. ဖြစ်ကတတ်ဆန်း။ ပစ်စလတ်ခတ်။
e.g She threw her clothes down all anyhow.
သူမပာာ အဝတ်ကို ဖြစ်ကတတ်ဆန်း ပစ်ခဲ့တယ်။

(ဆက်လက်ရေးသားပါမည်၊)

Monday, June 28, 2010

စင်္ကာပူကိုလာရင် ဘာတွေပြင်ဆင်ရမှာ လဲ... Speaking ကသိပ်မကောင်းတော့ လာရမှာ စိုးရိမ်တယ်.. ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ Gtalk ကနေပြောတဲ့စကားကို ...

စင်္ကာပူကိုလာရင် ဘာတွေပြင်ဆင်ရမှာ လဲ... Speaking ကသိပ်မကောင်းတော့ လာရမှာ စိုးရိမ်တယ်.. ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ Gtalk ကနေပြောတဲ့စကား ကို စာရေးသူ နေနဲ. အကြံပြုချင်တာ ကတော့... အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင်ပြောဆို ရမယ်ဆိုတဲ့ထိတော့ မတောင်းဆိုချင်ပါဘူး... ဒီမှာ ရှိနေတဲ့ အလုပ်လုပ်နေတဲ့ သူတွေရော ၊ ကျောင်းလာတက်ကြ တဲ့ သူတွေရော ကြုံတွေ.နေရတဲ့ ပြဿနာ က သူတို.ပြောနေတဲ့ လေသံကို အစမှာတော့ နားထောင်ဖို.တော်တော်ကို ခက်ပါလိမ့်မယ်။ တော်တော်များများတော့ လိုရင်းကိုတာ ပြောကြတာမို. Subject + Verb Agreement ယူရမှာမျိုး ကအစ ဖြစ်သင့်တဲ့ အသုံးပြုရမယ့် ကာလ ကို Present Simple၊ Past Simple နှင့် Future Simple လောက်ကိုတာ ပိုမို အသုံးပြုကြပါတယ်။ စင်္ကာပူကိုလာ ပြီး အလုပ်လာရှာမယ့်သူ အဖို.က တော့ အရေးကြီး ဆုံး က ကိုယ် ရဲ့ အလုပ်အတွေ.အကြုံကို တော့ စီကာပတ်ကုံးပြောတတ်ဖို.အတွက် ကိုယ့်အကြောင်းကို ကိုတော့ ပြင်ဆင်ဖို. လိုလိမ့်မည်။ အင်တာဗျူးမေးသူ အနေနှင့် အင်တာဗျူးဖြေဆိုသူ အား ပထမဦးဆုံး သော Impression မှာ Appearance ဖြစ်သလို ကိုယ့် ရဲ့ English စာအတွက် က ပထမဦးဆုံး Impression မှာ 4Skills ထဲ က Speaking ပဲဖြစ်ပါတယ်။ Speaking ကို လေယူလေသိမ်း ကောင်းကောင်းနဲ.ပြောနိုင်ဖို. ကတော့ Phonetics ကို ကောင်းစွာ ပိုင်နိုင်နေဖို.လိုပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ ရှိတုန်း ကိုယ့်ရဲ့ Spoken English ကို ကောင်းဖို. အတွက် ဆရာကောင်းသင်တန်းကောင်းတွေ မှာ လေ့လာဖို.လိုပါတယ်။ လာပြီး အလုပ်လာရှာမယ့် သူအတွက် က အနည်းဆုံး သင့်တော်တဲ့ အခြေအနေတစ်ခုမှာ ကိုယ့် English ကျွမ်းကျင်မှုတော့ ရှိသင့်ပါတယ်။ (ဆက်လက်ရေးသားပါမည်)

Friday, June 25, 2010

အင်္ဂလိပ် ဘာသာ စကားအဆောက်အအုံ ကို ချဉ်းကပ်ခြင်း

အင်္ဂလိပ်ဘာသာ စကားကို သေချာစွာ လေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် စာရေးသူ၏ အမြင်မှာ သတ်မှတ်ထားသောဘောင် အကျဉ်းမှ အကျယ်သို. လေ့လာသွားလျှင်ပိုမိုထိရောက်မူ ရှိမည်ပာုမြင်ပါသည်။ ဆိုလိုသည် မှာ . ယေဘုယျ အားဖြင့် အင်္ဂလိပ်စာ တွင်

1. 8 parts of Speech
2. Tenses
3. Phonetics

လို.ပဲမြင်ပါတယ်။ Slang တို. Idiom တို.ပာာ 8 parts of Speech တွေကနေ တစ်ဆင့် ပေါက်ဖွားလာတယ်ဆိုတာ စာဖတ်သူများသိပါလိမ့်မယ်။ အဲဒီတော့ အခု ဖေါ်ပြထားတဲ့ အကြောင်းအရာတွေ ကိုတော့ သေသေချာချာ လေ့လာ မှတ်ယူသင့်ပါတယ်။ 8 parts of Speech ကို လေ့လာမယ်ဆို ရင် တော်တော်ကို ကျယ်ပြန်.လွန်းပြီး အချိန်ယူပြီး လေ့လာရမှာ ဖြစ်လို. Tenses နဲ. Phonetics ကို အရင် စပြီးလေ့လာတာပာာ စာဖတ်သူများ အတွက် ပိုမို အောက်သက်ကျေ ပြီး အခြေအမြစ်ခိုင်မှာ ဖြစ်တယ်။ အဲဒီအကြောင်းအရာတွေကိုလဲ စာရေးသူအနေနဲ. ကဏ္ဏ တစ်ခုချင်း စီ အသေးစိပ်သွားမှာ ဖြစ်လို. စာဖတ်သူများ အတွက် အဆင့်နိမ့် နေမှာ ကို တောင် စိုးရိမ်မိပါတယ်။ ဒါပေမယ့် လေ့လာသူများ အနေနဲ. အခြေခံကျကျ သိရှိသွားဖို.ကို ရည်ရွယ်တာ ကြောင့် သေသေချာချာ မှတ်စေချင်ပါတယ်။

Tenses က(၁၂) မျိုးရှိတယ်ဆို ပေမယ့် အားလုံးကို အသုံးပြုနိုင်တယ်လို.မဆိုပါဘူး။ အဲဒီ (၁၂)မျိုးမှ အသုံးများတဲ့ ကာလ တွေကိုသာ စာရေးသူ အနေနဲ. နောက် ပိုစ့်တွေမှာ ဆွေးနွေးသွားမှာပါ။ ကဏ္ဏ တစ်ခု အနေနဲ.ထပ်မံ ရေးသားမှာ ဖြစ်လို. သီးခြားကဏ္ဏမှာ ထပ်မံ ဖတ်ရူပေးပါ။

Phonetics အနေနဲ.ကတော့ နေ.စဉ်ပြော စကားပြောမှာ ရော အင်္ဂလိပ်စာ လေ့လာ လိုက်စားနေသူများ အတွက် သိကိုသိသင့် သိထိုက်တဲ့ ပညာရပ်ပါ။ English အက္ခရာ ၂၆ လုံး ရှိရာ မှာ a,e,i,o,u ဖြစ်တဲ့ Vowel ၅လုံး နဲ.ကျန်တဲ့ ၂၁ လုံး က Consonants ဖြစ်တယ်ဆိုတာ စာဖတ်သူများ သိပြီးသားပါ။ ဆိုလိုတာ က အက္ခရာမှာ သူတို.ကိုယ်ပိုင် အသံလေးတွေရှိကြပါတယ်။ သီးခြားကဏ္ဏ နေနဲ. ထပ်မံ ဆွေးနွေးပါမယ်။ Phonetics ကို အဓိက အားဖြင့် Consonants (၂၄)လုံး နဲ. Vowels (၂၀) လုံး ရရင် အသံ ကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်မှာ ဖြစ်ပြီး နေ.စဉ်ပြော စကားပြောမှာရော ပီပီသသပြောနိုင်မှာ ဖြစ်လို. ယုံကြည်မှုကို လဲ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်တယ်။
စာရေးသူသည် စာရေးသူ၏ သူငယ်ချင်းဖြစ်သူ (ကိုရဲနေမျိုးပာန်-ခွဲစိတ်ဆရာဝန်) နှင့် English ဘာသာရပ်ကို ဆွေးနွေးကြည့်မိပါတယ်။ ကိုရဲနေမျိုးပာန် က 1997 ခုနှစ်တွင် ၁၀တန်းကို အင်္ဂလိပ်စာဂုဏ်ထူးရှင် နေနဲ.ရော တစ်နိုင်ငံလုံးအဆင့် ရော နံပါတ် ၆ ချိပ်ခဲ့ပါတယ်။ စာရေးသူ က အင်္ဂလိပ်ဘာသာ စကား 4 Skills လုံးကျွမ်းကျင်တတ်မြောက်ဖို. သူ၏အမြင်ကို မေးမြန်းကြည့်တဲ့ အခါမှာ Listening အတွက် အကောင်းဆုံးက တော့ သတင်းကို များများ နားထောင် စေချင်ပါတယ်။ သတင်းကြေငြာသူမှာ သတင်းအချက်အလက်ကို တိတိကျကျနဲ. ပီပီတတ ပြောမှာဖြစ်လို. နားထောင်မူစွမ်းရည်ကို ပိုမို လွယ်ကူစွာနဲ. လေ့ကျင့်ယူနိုင်မှာဖြစ်တယ်။ (ဆက်လက်ရေးသားပါမည်။)